Thursday, July 4, 2019

ယူနက်စကိုဆန်ခါတင်စာရင်းတွင် ပုဂံဒေသပါဝင် ဇူလိုင် ၇ ရက်တွင် ဆွေးနွေးဆုံးဖြတ်မည်

အဇာဘိုင်ဂျန်နိုင်ငံ၌ ပြုလုပ်နေသည့် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်ကော်မတီက ဆုံးဖြတ်မည့်ဆန်ခါတင်စာရင်း တွင် ရှေးဟောင်းမြို့တော်ပုဂံ ပါဝင်ကြောင်း အဆိုပါကော်မတီ အစည်းအဝေးတက်ရောက်နေသော မြန်မာကိုယ်စားလှယ်အဖွဲ့က ပြောသည်။ ယူနက်စကို၏ ကမ္ဘာ့အမွေ အနှစ်ကော်မတီသို့ ၁၆၇ နိုင်ငံမှ ၁,၀၉၂ နေရာတင်သွင်းထားခြင်း ဖြစ်ပြီး ယင်းအနက်မှ ဆန်ခါတင် ၃၆ နေရာစာရင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။



လက်ရှိတွင် ပုဂံဒေသနှင့် လာအိုနိုင်ငံမှ ရှေးဟောင်း ကျောက်အိုးကြီးများရှိရာလွင်ပြင် တို့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရန် ရေပန်းစားနေကြောင်း မြန်မာ ကိုယ်စားလှယ်အဖွဲ့က ပြော ကြားသည်။

  ‘‘ဆန်ခါတင်စာရင်းဝင် တယ်ဆိုတာ မှန်ပါတယ်။ ပုဂံအ ကြောင်းကို ဇူလိုင် ၇ ရက်နေ့မှာ ဆွေးနွေးမယ်လို့ သိထားရတယ်။ အဲဒီနေ့မှာပဲ ချက်ချင်းအဖြေထွက် လာမှာပါ’’ ဟု မြန်မာကိုယ်စား လှယ်တစ်ဦးဖြစ်သူ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ညွှန်ကြားမှုဦးစီးဌာန(ပုဂံ) ညွှန် ကြားရေးမှူး ဦးအောင်အောင် ကျော်က ပြောသည်။

ပုဂံဒေသအပါအ၀င် ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်နေရာများ ဆုံးဖြတ်ရန် အဇာဘိုင်ဂျန်နိုင်ငံ၌ (၄၃)ကြိမ်မြောက်ကမ္ဘာ့အမွေအ နှစ်ကော်မတီအစည်းအဝေးကို ဇွန်လ ၃၀ ရက်မှ ဇူလိုင် ၁၀ ရက် အထိ ပြုလုပ်မည်ဖြစ်သည်။ ကမ္ဘာ့အမွေအနှစ်ကော်မတီ၏ အမြဲတမ်းစာရင်းဝင် ၂၁ နိုင်ငံက ဆုံးဖြတ်ပေးမည်ဖြစ်သည်။

အဇာဘိုင်ဂျန်တွင် ဆုံးဖြတ် မည့်ယူနက်စကိုစာရင်းဝင်ရေး အောင်စာရင်းတန်းစီဇယားတွင် ပုဂံပါဝင်သည်ဟု သတင်းကြား သိထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးသူရဦးအောင်ကို က 7Day Daily သတင်းစာအား ပြောကြားထားသည်။ ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေးသို့ တက်ရောက် ရန် မြန်မာကိုယ်စားလှယ်အဖွဲ့က ဇွန်လ ၂၉ ရက်တွင် သွားရောက် ခဲ့သည်။ အနုပညာရှင်များ ပါဝင် သောအဖွဲ့က ပုဂံယူနက်စကိုစာ ရင်းဝင်ရေး ၀န်းရံကြရန် ယနေ့ (ဇူလိုင် ၄ ရက်)တွင် သွားရောက် မည်ဖြစ်သည်။ ပုဂံဒေသကို ယူ နက်စကိုစာရင်းဝင်ရေးတင်သွင်း ခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး စစ်အစိုးရလက်ထက် ၁၉၉၆ က တစ်ကြိမ်တင်သွင်းခဲ့သည်။ ထို စဉ်က ရှေးဟောင်းဥပဒေပြဋ္ဌာန်း ထားမှုမရှိခြင်းနှင့် ယူနက်စကို၏ စည်းမျဉ်းများနှင့် ကိုက်ညီမှုမရှိ၍ ပယ်ချခဲ့သည်။

No comments:

Post a Comment