Thursday, July 4, 2019

ရခိုင်ကို ဘင်္ဂလားဒေ့ရှ်နယ်မြေသတ်မှတ်ရေး ကန်လွှတ်တော်အမတ်၏မှတ်ချက် တရားလက်လွတ် ဆင်ခြင်မဲ့ပြောဆိုမှုအဖြစ် မြန်မာဘက်က တုံ့ပြန်

ရခိုင်ပြည်နယ်ကို ဘင်္ဂလား ဒေ့ရှ်အတွင်း ထည့်သွင်း ရန် အမေရိကန်အောက်လွှတ်  တော်အမတ်၏ ပြောကြားမှုသည်  ကြောင်းကျိုးဆီလျော်မှုမရှိသောတရားလက်လွတ်ဆင်ခြင်မဲ့ ပြောဆိုမှုဖြစ်ကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာနက တုံ့ပြန်သည်။ေ အာက်လွှတ်တော်အမတ် ဘရက်ဒ်လေရှားမန်းက မြန်မာ  နိုင်ငံသည် ဘင်္ဂါလီ (မူရင်းတွင်ရိုဟင်ဂျာ)များအပေါ် တာဝန်ခံမှု ရှိစွာ မစွမ်းဆောင်နိုင်ပါက ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်အ တွင်း ထည့်သွင်းရန် ဇွန်လ ၁၃ ရက်တွင် ပြုလုပ်သော တောင်အာရှအတွက် အမေရိကန်ပြည် ထောင်စု၏ ဘတ်ဂျက်ရေးဆွဲမှု ကြားနာပွဲ၌ ပြောကြားခဲ့သည်။



‘‘အဲဒါနဲ့ ပတ်သက်ပြီး မြန်မာ နိုင်ငံမှာ Safe Zone တည်ထောင် ရေးပြောကြားမှုအပါအ၀င် နိုင်ငံ ရဲ့ အချုပ်အခြာအာဏာကို ထိပါးစေမယ့် မည်သည့်ပြောဆိုမှုမျိုးကို မဆို မြန်မာအစိုးရအနေနဲ့ လုံးဝလက်သင့်မခံဘူးဆိုတာ ကျွန် တော်တို့ အကြိမ်ကြိမ်ပြောကြားခဲ့ ပြီးဖြစ်ပါတယ်’’ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်က  ပြောသည်။

ယင်းပြောကြားချက်အပေါ် နိုင်ငံတကာက အလေးထားမှုမရှိ ကြောင်းနှင့် မြန်မာအစိုးရက တရားဝင်ကြေညာချက်ဖြင့် တုံ့ပြန်ပါက အမေရိကန်အောက်လွှတ် တော်အမတ်၏ ပြောကြား ချက်ကို  အလေးထားရာရောက်စေမည့်အ ပြင် နိုင်ငံတကာက ပိုမိုအာရုံစိုက် လာစေမည့် ဆန့် ကျင်ဘက်ရလဒ် များလည်း ဖြစ်လာစေနိုင်ကြောင်း  အထက်ပါ ညွှန်ကြားရေးမှူးချုပ် က ပြောသည်။

‘‘ဒါကြောင့် အဓိကအချက် က ဒီပြောဆိုမှုအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ အလေးထား  ပြီး တုံ့ပြန်ရန်ပင်မလိုအပ်တဲ့ကိစ္စ မျိုးလို့ယူဆပါတယ်။ It doesn’t even deserved for our official response’’ဟု ဦးစိုးဟန်က ဆို သည်။

ဆူဒန်မှ တောင်ဆူဒန်ခွဲထွက်မှုအပေါ် အမေရိကန်အစိုးရ၏ ထောက်ခံမှုကို ညွှန်းဆို၍ မြန်မာ   နိုင်ငံ၌ ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာ)များ နိုင်ငံသားဖြစ်ရေး အလားတူ   ဆောင်ရွက်မှု  အဘယ်ကြောင့်မပြုလုပ်သည်ကို အောက်လွှတ် တော်အမတ် ရှားမန်းက မေခွန်း ထုတ်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခ သည်များ နိုင်ငံသားဖြစ်ခွင့်ကို ၁၉၈၂ နိုင်ငံသားဥပဒေဖြင့်သာ စိစစ်ဆောင်ရွက်မည်ဟု မြန်မာ ဘက်က ကြိမ်ဖန်များစွာ ပြောဆို ထားပြီးဖြစ်သည်။

No comments:

Post a Comment