Thursday, July 4, 2019

ရွေးကောက်ပွဲ အငြင်းပွားမှု ရှုံးနိမ့်ခြင်းအပေါ် ပြည်ခိုင်ဖြိုးပါတီ၏ အယူခံ ဇူလိုင် ၄ ရက်တွင် အမိန့်ချမည်

ရွေးကောက်ပွဲ အငြင်းပွားမှုရှုံးနိမ့်မှုအပေါ် ပြည်ခိုင်ဖြိုးပါတီမှအယူခံ တင်သွင်းထားမှုအားလာမည့် ဇူလိုင် ၄ ရက်တွင် အမိန့်ချမည်ဖြစ်ကြောင်း ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောခွင့်ရ ဦးမြင့်နိုင်က ပြောသည်။ ပြီးခဲ့သည့် ၂ဝ၁၈ကြားဖြတ် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်၊ ဆိပ်ကမ်းမြို့နယ်မဲဆန္ဒနယ်အမှတ် (၂)၌ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်း ဦးနေမျိုးအောင်က အနိုင်ရရှိခဲ့ သော်လည်း ရွေးကောက်ပွဲကာလ မဲဆွယ်လှုပ်ရှားမှုအချို့မှာဥပဒေ နှင့်ညီညွတ်ခြင်းမရှိဟုဆိုကာ ဒီချုပ်ကိုယ်စားလှယ်လောင်း ဦးသန်းထိုက်အောင်က ရွေးကောက်ပွဲ ကော်မရှင်သို့တိုင်ကြားခဲ့သည်။



ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ခုံရုံးဖွဲ့စစ်ဆေးခဲ့ရာ ဥပဒေမဲ့ပြုကျင့်မှုများ ပေါ်ပေါက်သဖြင့်ပြိုင်ဘက် ဒီချုပ်ကိုယ်စား လှယ်ဦးသန်းထိုက်အောင်ကို အနိုင် ပေးကြောင်းမေ ၃ဝ ရက်တွင် ဆုံး ဖြတ်ခဲ့သည်။ သို့သော်လည်း အမိန့်ချပြီး ၁၅ အတွင်းအယူခံတင်သွင်းခွင့် ရှိနေသေးသည့်အတွက် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်က အယူခံတင် သွင်းခဲ့ခြင်းဖြစ်သည်။

”အယူခံကို ကြားနာပြီးသွားပြီ။ အခုလာမယ့် ကြာသပတေးနေ့ မှာအပြီးသတ်အမိန့်ချမယ်” ဟု ဦးမြင့်နိုင်က ဒီမိုကရေစီတူဒေးသို့ ဇူလိုင် ၂ရက်တွင် ပြောသည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ အာဏာရပါတီနှင့် အစိုးရတို့အနေဖြင့် ချိတ်ဆက် ဆောင်ရွက်မှုများ ရှိခဲ့ကြောင်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ်က စွပ်စွဲထားပြီး၊ ကော်မရှင်အနေဖြင့်မှန် မှန်ကန်ကန်မျှမျှတတ ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ကြောင်း ရွေးကောက် ပွဲကော်မရှင်ပြောခွင့်ရ ဦးမြင့်နိုင် က ပြောကြားထားသည်။

ကြားဖြတ် ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် လောင်းဦးနေမျိုးအောင်က ၅ဝ၇ မဲရရှိခဲ့ခြင်းဖြစ်ပြီး ပြိုင်ဘက်ဒီချုပ်ကိုယ်စားလှယ်လောင်းက ၃၅၁မဲ ရရှိခဲ့သည်။

No comments:

Post a Comment