Thursday, July 4, 2019

မိမိကိုယ်မိမိ God ဟုဆိုကာ လေယာဉ်ပေါ်တွင် အော်ဟစ်သောင်းကျန်းသည့် ခရီးသည်တစ်ဦးအား လေယာဉ်မှူးနှင့် လေယာဉ်အမှုထမ်းများက ၀ိုင်းဝန်းဖမ်းဆီး

မိမိကိုယ်မိမိ God ဟုဆိုကာ လေယာဉ်ပေါ်တွင် အော်ဟစ်ဆူညံခဲ့ပြီး လေယာဉ်အမှုထမ်းများနှင့် ခရီးသည်များကို အနှောင့်အယှက်ပေးသည့် ခရီးသည်တစ်ဦးအား လေယာဉ်မှူးနှင့် လေယာဉ်အမှုထမ်းများက ၀ိုင်းဝန်းဖမ်းဆီးခဲ့ကြသည်။ ပွာတိုရီကိုမှ နယူးယောက်သို့ ပျံသန်းနေသော ဒယ်လ်တာလေကြောင်းလိုင်း လေယာဉ်တစ်စီးပေါ်တွင် ဇူလိုင် ၃ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းပင်။



အဆိုပါ ခရီးသည်သည်က သူသည် God ဖြစ်ကြောင်း၊ ကမ္ဘာကြီးကို ကယ်တယ်မည်ဖြစ်ကြောင်းနှင့် လေယာဉ်ကိုလည်း San Juan လေဆိပ်သို့ပြန်လှည့်ရန် အတင်းအကြပ် တောင်းဆိုခဲ့ကြောင်း ပွာတိုရီကိုရဲတပ်ဖွဲ့နှင့် လေကြောင်းလိုင်းတို့မှ ပြောသည်။

လေကြောင်းလိုင်း၏ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ပြီး အော်ဟစ်ဆူညံနေသူကို ၀ိုင်းဝန်းကူညီဖမ်းဆီးပေးခဲ့သည့် ခရီးသည်များကိုလည်း လေကြောင်းလိုင်းမှ ဂုဏ်ပြုမှတ်တမ်းတင်ကြောင်းသိရသည်။

အဆိုပါ အော်ဟစ်ဆူညံသူမှာ အသက်(၃၀)အရွယ်ရှိ ကားလို့စ်ရာမီရက်ဇ်ဆိုသူ အမျိုးသားတစ်ဦးဖြစ်ပြီး သူ၏အမှုကို အမေရိကန် FBI သို့ လွှဲပြောင်းပေးလိုက်ကြောင်း ပွာတိုရီကိုရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ချက်တွင် ဆိုထားသည်။

ကားလို့ရာမီရက်ဇ်သည် ”ကျုပ်ဟာ God ဖြစ်တယ်။ San Juanုမြို့ဟာ နက်ဖြန်ဆိုရင် ပျောက်ကွယ်သွားတော့မယ်။ ကမ္ဘာကြီးကိုကယ်တင်ဖို့နဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်ပေးဖို့ ကျုပ်ရောက်လာတာဖြစ်တယ်”ဟု အော်ဟစ်ပြီး၊ လေယာဉ်မောင်းခန်းအတွင်းသို့ ၀င်ရောက်ရန်ကြိုးစားခဲ့ကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒယ်လ်တာလေကြောင်း ခရီးစဉ်အမှတ် ၅၇၉ ၏ လေယာဉ်မှူး ကပ္ဗတိန် ကီဗင်မစ်ချယ်လ်က ကားလို့ရာမီရက်ဇ်ကို ဖမ်းဆီးခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်ရပ်ကြောင့် လေယာဉ်သည် နယူးယောက်မြို့ ဂျွန်အက်ဖ်ကနေဒီလေဆိပ်သို့ ၂နာရီမျှ နောက်ကျပြီးမှ ရောက်ရှိခဲ့သည်။

No comments:

Post a Comment