Thursday, July 4, 2019

သုံးနှစ်ကျော်ပိတ်ထားသည့် ရန်ကုန်ကားလိုင်စင်ပြန်ပေးရန် မူအားဖြင့်သဘောတူ

သုံးနှစ်ကျော် ပိတ် ထားသည့် ရန်ကုန်လိုင်စင်ပြန်ဖွင့် ရန် မော်တော်ယာဉ်တင်သွင်းခြင်း နှင့်သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်မှုကော်မတီ (ကြီး/ ကော်)က မူအားဖြင့် သဘောတူကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ဇူလိုင် ၃ ရက်တွင် ပြောသည်။ ကြီး/ကော်က မူအားဖြင့် သဘောတူခဲ့သည့် ရန်ကုန်လိုင် စင်အတွက် နိုင်ငံတော်စီးပွားရေး ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ သို့ တင်ပြရန် ဆက်လက်စီစဉ်နေ ပြီး ယင်းကော်မတီက ရန်ကုန်လိုင်စင်စနစ်ကို ဆုံးဖြတ်ချက်ချမည် ဖြစ်သည်။



‘‘ကော်မတီကို တင်ပြဖို့ စီ စဉ်နေတယ်။ အင်ဂျင်ပါဝါအ လိုက်ကို ပြန်ပြီး အသေးစိတ်ခွင့် ပြုမလား၊ ခွင့်မပြုဘူးလားဆိုတဲ့ အချက်တွေရယ် အသေးစိတ်ဆုံး ဖြတ်ရဦးမယ်။ ကော်မတီက ဆုံး ဖြတ်ပြီးတဲ့အခါ နောက်တစ်ပိုင်း ပေါ့။ ဒါနဲ့ပတ်သက်လို့ ရန်ကုန် တိုင်းအစိုးရဘက်က တင်ပြတဲ့ဟာတွေလည်း ရှိတယ်’’ဟု ဦးခင် မောင်လွင်က ပြောသည်။

ရန်ကုန်လိုင်စင် စနစ်အ တွက် ဆုံးဖြတ်ရာတွင် ပြည်တွင်း ၌ အလုံးစုံမဟုတ်သော တပ်ဆင် ထုတ်လုပ်သည့်ကားစနစ် (SKD) နှင့် အလုံးစုံမော်တော်ယာဉ်တပ် ဆင်ထုတ်လုပ်သည့်စနစ် (CKD) စနစ်အတွက်ပါ ထည့်သွင်းတွက်ချက်ရပြီး ပြည်တွင်းကားတင် သွင်းမှု မထိခိုက်အောင် ဆောင်ရွက်နေသည်ဟု ၎င်းက ထပ်လောင်းပြောသည်။

၂၀၁၆ ဧပြီက စ၍ တစ်ဦးချင်း ကားတင်သွင်းမှုများဖြင့် ရန်ကုန် လိုင်စင်ထုတ်မပေးသည့် အစီအ စဉ်ကို ရန်ကုန်တိုင်းဒေသကြီးအ စိုးရအဖွဲ့က Yangon Vehicle Quota Certification (YVQC) စနစ်ဖြင့် အစားထိုးကျင့်သုံးရန် ၂၀၁၈ မေလကတည်းက ကြေ ညာခဲ့သည်။

လမင်းတစ်ရာ မော်တော် ယာဉ်အရောင်းပြခန်း ပိုင်ရှင်ကို ဆွေထွန်းက ‘‘အခုကစလစ်ဈေး က တဖြည်းဖြည်းတက်လာနေ  တာ။ ရန်ကုန်လိုင်စင်ပေးရင် စ လစ်ဈေး တော်တော်ကျမယ်။ ကောင်းတဲ့အလားအလာပေါ့။ လူနည်းစုအကျိုးစီးပွားထိခိုက် မယ်။ အများပြည်သူအတွက်အ ကျိုးရှိမယ်။ အများပြည်သူအ ဆင်ပြေဖို့လိုတယ်’’ ဟု သုံးသပ် သည်။

ရန်ကုန်တိုင်း မော်တော် ယာဉ်ဖြန့်ဖြူးရောင်းချရေးအသင်း  ဥက္ကဋ္ဌ ဦးမင်းမင်းမောင်က ‘‘အင် ဂျင်ပါဝါအလိုက် ခွဲပြီးတော့မှ ကောက်တာ ပိုကောင်းတယ်။ ကားဟောင်းဈေးကွက်က နဂိုက တည်းက အခြေအနေကျနေပြီး သား။ အသစ်ဈေးကိုမကျော်သေး ဘူး။ အသစ်သွင်းလာတဲ့ တိုယို  တာတို့၊မာဇဒါတွေအတွက်တော့ ကောင်းသွားနိုင်တယ်။ အောက်  ကားကို သွားမရိုက်ခတ်ဘူး။   အင်ဂျင်ပါဝါမခွဲခြားရင် ပိုပြီးမ သက်ဆိုင်ဘူး။ အင်ဂျင်ပါဝါခွဲ ရင်တော့ အထိုက်အလျောက်သိ  သာမယ်။ ဥပမာ ဒူဘိုင်းက သွင်း လာတဲ့ရာရစ်၊ ဗီးရော့တို့လိုကား တွေကို သိန်း ၃၅၀ လောက်နဲ့ရ သွားနိုင်တယ်။ အင်ဂျင်ပါဝါမခွဲ ခြားရင်အမြင့်ကားတွေမှာ ပိုပြီး သက်ရောက်မှုရှိမှာမဟုတ်ဘူး။   အင်ဂျင်ပါဝါ ၁၅၀၀ ရှိတဲ့၊ ၃၀၀ နဲ့ ၅၀၀ ကြားမှာရှိတဲ့ကားတွေက  တော့ အနည်းငယ်သက်ရောက်မှု ရှိသွားမယ်’’ ပြန်လည်ခွင့်ပြုရန် စီစဉ်နေသည့် ရန်ကုန်လိုင်စင် စနစ်အပေါ်သုံးသပ်သည်။

ယာဉ်ရောင်းဝယ်ရေး လုပ် ငန်းကို ၁၀ နှစ်ခန့်ကြာလုပ်ကိုင် နေသည့် ကိုမိုက်ကယ်အောင်က ‘‘ရန်ကုန်လိုင်စင်ပေးမယ်သာ ပြောတာ၊ ဒါပေမဲ့ ၂၀၁၉  ကားမူ ၀ါဒမှာ ညာမောင်းကိုကန့်သတ် ထားတော့ ဘယ်လိုမှသိပ်သိသာ မှာ မဟုတ်ဘူး။ ကားသစ်ဈေး ကွက်ကိုပဲ ဦးတည်တယ်လို့ မြင် တယ်။ ဒါပေမဲ့စလစ်ဈေးက ကျသွားမယ်’’ ဟု ၎င်း၏အမြင်ကို ပြောသည်။ ရန်ကုန်လိုင်စင်ပေးမည့် အ စီးရေကို ကြီး/ကော်နှင့် တိုင်းဒေ သကြီးအစိုးရအဖွဲ့ကြား ဆွေးနွေးနေပြီး စီမံချက် စတင်နိုင်သည့်နှစ်တွင် ရန်ကုန်လိပ်စာပြောင်းမည့် နယ်လိုင်စင် ကားများ ခွင့်ပြု ဦးမည်မဟုတ်ကြောင်း အစိုးရအဖွဲ့ တာဝန်ရှိသူများက ပြောကြားထားသည်။

No comments:

Post a Comment