Thursday, July 4, 2019

ထားဝယ်- မောင်းမကန်လမ်းပိုင်းပေါ်ရှိ ရော်ဘာခြံတစ်ခုအတွင်း၌ ပုပ်ပွသေဆုံးနေသော အမျိုးသမီးရုပ်အလောင်းအား တွေ့ရှိခဲ့ရမှုမှ လူသတ်မှုကျူးလွန်ခဲ့သူ ရည်စားဟောင်းကို ဖမ်းဆီးရမိ

တနင်္သ࿿ာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ ထားဝယ် - မောင်းမကန် လမ်းပိုင်းပေါ်မှ ရော်ဘာခြံတစ်ခုအတွင်း၌ ပြီးခဲ့သည့် မေ ၂၃ ရက်က ပုပ်ပွသေဆုံးနေသော အမျိုးသမီးရုပ်အလောင်းအား တွေ့ရှိခဲ့ရမှုမှ လူသတ်မှုကျူးလွန်ခဲ့သူ ရည်စားဟောင်းကို ဖမ်းဆီးရမိထားပြီး တရားစွဲတင်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

ပြီးခဲ့သည့် မေ ၂၃ ရက်က ထားဝယ် - မောင်းမကန်ကမ်းလမ်းနံဘေး၌ အမျိုးသမီးရုပ်အလောင်းတွေ့ရှိကြောင်း သတင်းရပြီးနောက် ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပြီး အသတ်ခံရသူ အမျိုးသမီးကို ရဲဆေးစာဖြင့် မောင်းမကန်တိုက်နယ်ဆေးရုံသို့ တင်ပို့၍ စစ်ဆေးကာ ゞင်း၏အမည်၊ နေရပ်နှင့် မိသားစုဝင်များကို ဖော်ထုတ်ခဲ့ကြောင်း၊ အသတ်ခံရသူ မိသားစုဝင်များက ဆေးရုံသို့ရောက်ရှိလာ၍ ゞင်းတို့၏ သမီးဖြစ်ကြောင်း အတည်ပြုပေးခဲ့ပြီးနောက် အသတ်ခံရသူ၏ အချက်အလက်အကြောင်းအရာများကို မိသားစုဝင်များထံမှ မေးမြန်းပြီး တရားခံကိုဖမ်းဆီးရမိရန် လိုက်လံစုံစမ်းဖော်ထုတ်ခဲ့ကြောင်း သိရသည်။

စုံစမ်းချက်အရ အသတ်ခံရသည့် အမျိုးသမီး၌ ရည်းစားများပြီး အွန်လိုင်းမှနေ၍     ချစ်ကြိုက်ခဲ့ဖူးသူများရှိသောကြောင့် ゞင်းနှင့် ချစ်ကြိုက်ခဲ့သော အမျိုးသားများကို အတည်ပြုပြီး စစ်ချက်များရယူခဲ့ကြောင်း၊ ထိုသို့စုံစမ်းစစ်ဆေးရာမှ ညောင်ရေသွန်းပွဲမတိုင်မီ တစ်ရက်အလို (မေ ၁၇ ရက်)၌ နေရပ်သို့ ပြန်ရောက်လာသည့် အသတ်ခံရသူ အမျိုးသမီးနှင့် ချစ်ကြိုက်ခဲ့ဖူးသော တစ်ရွာတည်းနေ သူရအောင်(ခေါ်) နော်ဂေါမှာ မေ ၂၁ ရက်၌ ゞင်းအလုပ်ရှိသည့် မြိတ်မြို့သို့ ပြန်သွားကြောင်း သိရသဖြင့် ゞင်း၏မိသားစုဝင်များကို ခေါ်ယူစစ်ဆေးခဲ့ပြီး ယင်းနေ့ညပိုင်းတွင်ပင် သူရအောင်မှာ နေရပ်သို့ ပြန်လည်ရောက်ရှိလာသဖြင့် နောက်တစ်နေ့ နံနက်ပိုင်းတွင် ゞင်းအား ခေါ်ယူစစ်ဆေးခဲ့ပြီး စစ်ချက်များရယူခဲ့ကြောင်း သိရသည်။


ထို့နောက် အသတ်ခံရသူအမျိုးသမီးနှင့် ပတ်သက်ဆက်နွှယ်သူများကို လိုက်လံစစ်ဆေးခဲ့ပြီး ゞင်းနှင့်အတူပါသွားသည့်ဖုန်းမှာ ပျောက်နေသဖြင့် ゞင်းကိုင်ဆောင်သည့်  ဖုန်းနံပါတ်၏ ခေါ်ဆိုမှုမှတ်တမ်းကို ရဲတပ်ဖွဲ့ဌာနချုပ်မှတစ်ဆင့် ဆက်သွယ်ရေးဝန်ကြီးဌာနထံမှ တောင်းယူခဲ့ပြီး ဇွန် ၂၄ ရက်တွင် ရရှိခဲ့၍ စစ်ဆေးချက်အရ ゞင်း၏ဖုန်းသို့ နောက်ဆုံးခေါ်ဆိုထားသူမှာ သူရအောင် ဖြစ်နေသည်ကို တွေ့ရှိခဲ့ရကြောင်း၊ အဆိုပါအမျိုးသမီး စတင်ပျောက်ဆုံးခဲ့ချိန်၌ ခေါ်ဆိုထားသည့်ဖုန်းနံပါတ်မှာ သူရအောင်၏ ဖုန်းနံပါတ်များဖြစ်နေ၍ ゞင်းလုပ်ကိုင်နေသည့် မြိတ်မြို့သို့ ညတွင်းချင်းသွားရောက်ဖမ်းဆီးခဲ့ပြီး စစ်ဆေးချက်အရ သူရအောင်မှာ အဆိုပါ အမျိုးသမီးကို သတ်ခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု သိရသည်။

“အဲဒီနေ့က သူတို့ သမီးရည်းစားတွေ ခိုးရာလိုက်ဖို့ ချိန်းတယ်။ ဒါပေမဲ့ ခိုးရာလိုက်ဖို့သွားတဲ့ဥစ္စာက သူတို့မှာ ဘာမှမပါဘူး။ ကောင်မလေးမှာ ပိုက်ဆံတစ်သောင်းပါတယ်။ ကောင်လေးမှာ ပိုက်ဆံနှစ်သောင်းပါတယ်။ သူတို့ ခိုးရာလိုက်ဖို့ ပြောထားပြီးသားကိစ္စက ပိုက်ဆံမပါတဲ့ကိစ္စက စပြီးတော့ စကားတွေများတယ်။ ပြန်မယ်လုပ်လိုက်၊ ချော့လိုက်ပေါ့။ မောင်းမကန်မှာ ဈေးသက်သာတယ်၊ အဲဒီမှာပဲ သွားအိပ်မယ်ဆိုပြီး မောင်းမကန်ဘက်ကို သွားရင်းကနေ ကောင်မလေးက ပြန်မယ်လုပ်တယ်၊ စကားများကြတယ်ပေါ့။ မလိုက်တော့ဘူး၊ ပြန်ပို့ပေးဆိုပြီးလုပ်တော့ စကားများပြီးဆောင့်တွန်းလိုက်ရာကနေ ကောင်မလေး သတိလစ်သွားတော့ သေပြီဆိုပြီး မထူးတော့ပါဘူးဆိုပြီး လုပ်လိုက်တာပေါ့။ သူ့ကို ကျွန်တော်တို့ ဇွန်  ၂၅ ရက် နံနက် ၆ နာရီလောက်မှာ ဖမ်းလိုက်တယ်။ ထားဝယ်အကျဉ်းထောင်မှာပဲ ဖမ်းထားတယ်။ ကျွန်တော်တို့ ရဲလုပ်ငန်းတွေပြီး ရင်တရားစွဲတင်ဖို့ စီစဉ်နေပါတယ်” ဟု ထားဝယ်ခရိုင် ဒုစရိုက်မှုခင်းနှိမ်နှင်းရေးတာဝန်ခံဖြစ်သူ ရဲအုပ်အောင်သူက ပြောကြားသည်။

အဆိုပါဖြစ်စဉ်မှာ ပြီးခဲ့သည့် မေ ၂၃ ရက် နံနက် ၁၀ နာရီခွဲက အင်းကြီးရွာနေ အသက် ၅၀ အရွယ် အမျိုးသမီးကြီးတစ်ဦးမှ ထင်းခွေသွားစဉ် ထားဝယ် - မောင်းမကန် သွားကားလမ်းမိုင်တိုင်အမှတ် (၄/၆)နှင့် (၄/၇) အကြား ခလရ (၁၀၄)တပ်ရင်းအရှေ့ရှိ ကားလမ်းနှင့်ကိုက် ၅၀ ခန့်အကွာ ဦးယူရှိန်ပိုင် ရော်ဘာခြံအတွင်း တောရိုင်းခြုံပင်များအကြားတွင် ပက်လက်အနေအထားဖြင့် အမျိုးသမီးလူသေအလောင်းအား စတင်တွေ့ရှိခဲ့ကြောင်း၊ အဆိုပါသတင်းအရ မောင်းမကန်နယ်မြေရဲစခန်းမှူးမှ သက်သေများဖြင့် သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ပက်လက်အနေအထားဖြင့် အနက်ရောင် တီရှပ်လက်တို၊ အမျိုးသမီးလုံချည်အောက်ခံရောင် အစိမ်းပန်းပွင့်များပါသော လုံချည်အား ဝတ်ဆင်လျက် ဝဲဘက်လည်ပင်းတွင် အရှည် (၄ ဒသမ ၅) လက်မ၊ အနက် သုံးလက်မခန့် ပြတ်ရှဒဏ်ရာတစ်ချက်၊ ယာနဖူးထောင့်တွင် တစ်လက်မခန့် ပြတ်ရှဒဏ်ရာ တစ်ချက်တို့ဖြင့် သေဆုံးနေကြောင်း တွေ့ရပြီး ゞင်းသေ ဆုံးနေသည့်ခြေရင်းမှ ငါးပေခန့်အကွာတွင် အမျိုးသမီးစီး အနီရောင်ပန်းပွင့်ပါ ဖိနပ်တစ်ရံအား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ထားဝယ်ခရိုင် ရဲတပ်ဖွဲ့ထံမှရရှိသည့် မှုခင်းမှတ်တမ်းအရ သိရသည်။       

No comments:

Post a Comment