Thursday, July 4, 2019

ရန်ကုန်နှင့် နေပြည်တော်တို့တွင် အစိုးရတိုင်ကြားရေး ယန္တရား ငါးခုထားရှိပြီးဖြစ်

ရန်ကုန်နှင့် နေပြည်တော်တို့တွင် အစိုးရတိုင်ကြားရေး ယန္တရားငါးခုထားရှိပြီး ဖြစ်၍ ပြည်တွင်းတွင် အဓမ္မခိုင်းစေခံရမှုများ ဖြစ်ပေါ်လာပါက ဆက်သွယ် တိုင်ကြားနိုင်ပြီးဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောဆိုလိုက်သည်။ အဆိုပါ အစိုးရတိုင်ကြားရေး ယန္တရားကို ပြီးခဲ့သည့် တစ်ပတ်အတွင်းက စတင်ခဲ့ခြင်းဖြစ်ပြီး တိုင်ကြားလာသည့်အမှုများကို အလုပ် သမားရေးရာ ပူးပေါင်းဆောင်ရွက် ရေးလုပ်ငန်းကော်မတီမှ ကိုင်တွယ် ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။



”သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ ပူးပေါင်းဆောင်ရွက်တဲ့အဖွဲ့တွေနဲ့ တိုင်ကြားရေး ယန­္တရားကိုစတင်ပါ ပြီ။ အရင်တုန်းက Forced Labour နဲ့ပတ်သက်ရင် f ILO တိုင်ကြား ရေးယန္တရားဆီပဲ တိုင်လို့ရတယ်။ အခုတော့ ဆရာတို့ဆီကို တိုင်ကြားနိုင်ဖို့ ရန်ကုန်မှာနှစ်ခု ဆက်သွယ်တိုင်ကြားနိုင်ဖို့ ဖုန်းနံပါတ် ပေးထားတယ်။ နေပြည်တော်မှာ သုံးခုလုပ်ထားတယ်”ဟု ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ဇူလိုင် ၂ ရက်တွင် ပြောသည်။

တိုင်ကြားလာသည့် အဓမ္မခိုင်း စေမှုများအနက် စစ်ဆေးမှုတို့အရ ပေါ်ပေါက်ပါက သက်ဆိုင်ရာဝန် ကြီးဌာနများကို အမှုအမျိုးအစား ပေါ် မူတည်၍ ပြန်လည်လွှဲပြောင်း ခြင်း၊ သက်ဆိုင်ရာ ဥပဒေများဖြင့် အရေးယူခြင်းတို့ကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ညွှန်ကြား ရေးမှူးချုပ်က ဆက်လက်ဆိုထား သည်။

”Forced Labour အဖြစ် ခံရလို့ တိုင်ကြားတဲ့သူတွေမှာ အရွယ်မရောက်သေးတဲ့သူတွေများတယ်ဆိုတာမှန်ပါတယ်။ လက်ရှိမှာ Forced Labour အမှုက ILO ကနေ ဆရာတို့ဆီကို လွှဲထားတာ အမှု ၃ဝဝ လောက်ရှိတယ်။ အဲဒါ တွေကို မှန်၊ မမှန် စိစစ် စစ်ဆေးမှု တွေ လုပ်သွားမယ်။ ၂ဝ၁၅ ခုနှစ် လောက်ကတည်းကတို့နိုင်ငံမှာ Forced Labour ကို အကြွင်းမဲ့ ပပျောက်ရေးလုပ်ခဲ့တယ်။ ဒါပေမဲ့ ဆင်းရဲတဲ့နိုင်ငံတိုင်းမှာ ဒါက ပ ပျောက်ဖို့ခက်တယ်”ဟု ညွှန်ကြား ရေးမှူးချုပ်က ဆိုထားသည်။

သို့သော်လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့် ဇွန်လအတွင်းက ကျင်းပပြုလုပ်ခဲ့သည့် (၁ဝ၈)ကြိမ်မြောက် အပြည်ပြည်ဆိုင် ရာ အလုပ်သမားညီလာခံတွင် ရခိုင်၊ ရှမ်းနှင့် ကချင်ပြည်နယ်တို့တွင် ဆိုးရွားသည့် အဓမ္မခိုင်းစေမှုများ ရှိနေဟုဆိုကာ အဖွဲ့ဝင်နိုင်ငံများရှေ့တွင် ကြားနာ စစ်ဆေးခံခဲ့ရသည့်အပြင် စောင့်ကြည့်စာရင်းဖြင့် ကြယ်နှစ် ပွင့် ပြခံထားရခြင်း ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံအနေ ဖြင့်မူ အဓမ္မခိုင်းစေမှု ပပျောက်ရေးအတွက် ၂ဝဝ၂ ခုနှစ်မှစ၍ ILO ဌာနေ ကိုယ်စားလှယ် ခန့်အပ်ကာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး၍ အဓမ္မခိုင်းစေမှု တိုင်ကြားရေး ယန္တရားကို ILO နှင့် ပူးပေါင်းပြင် ဆင်ခဲ့ကြောင်း၊ ယင်းနောက် အဓမ္မခိုင်းစေမှုပပျောက်ရေး ပူးတွဲမဟာဗျူဟာ အကောင်အထည်ဖော်ရေး ကော်မတီကို ဖွဲ့စည်း၍ လုပ်ငန်းစီမံချက် ရေးဆွဲဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် အဓမ္မခိုင်းစေမှု ပပျောက်အောင် ဆောင်ရွက်ရန် သုံးပွင့်ဆိုင်ပူးပေါင်း ရေးဆွဲထားသည့် Decent Work Country ပရိုဂရမ် ၂ဝ၁၈-၂ဝ၂၂ အရ အဓမ္မခိုင်းစေမှု လုပ်ငန်းစီမံချက်ရေးဆွဲ၍ မိမိနိုင်ငံ၏ အစီအစဉ်ဖြင့် တိုင်ကြားမှုယန္တရား ထူ ထောင်၍ Working Group က ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment