Thursday, July 4, 2019

အလုပ်သမားများအပေါ် အကြမ်းဖက်ကျူးလွန်ခဲ့သူကို အမြန်ဆုံးဖော်ထုတ်ပေးရန် တောင်းဆို

လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်ရှိ Hong Ri ပိုက်ဆံအိတ်စက်ရုံတွင် အလုပ် သမားများအပေါ် အကြမ်းဖက်ခဲ့ သူကို ပြည်ထဲရေးဝန်ကြီးဌာနက အမြန်ဆုံးဖော်ထုတ်ပေးရန် မြန် မာနိုင်ငံစက်မှုလက်မှုနှင့် ၀န် ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ် သမားသမဂ္ဂအဖွဲ့ချုပ်(MICS)က ကြေညာချက်ထုတ်ပြန်သည်။ လုပ်ငန်းခွင်အတွင်း ချုပ်ဆို ထားသည့် စာချုပ်ပါသဘောတူ ညီချက်များ ချိုးဖောက်ခံရခြင်း ကြောင့် Hong Ri ပိုက်ဆံအိတ် စက်ရုံ အလုပ်သမားအများစု သည် ဇွန်လ ၂၇ ရက်တွင် ဆန္ဒပြ ခဲ့ပြီး ဇွန်လ ၂၈ ရက်ညတွင် စက် ရုံနှင့်သက်ဆိုင်မှုမရှိသောသူများ က ဆန္ဒထုတ်ဖော်နေသည့်အလုပ် သမားများကို ဓား၊ တုတ်များဖြင့် ၀င်ရောက်အကြမ်းဖက်ခဲ့သည်ဟု ကြေညာချက်က ဆိုသည်။



အကြမ်းဖက်မှုကြောင့် ဆန္ဒ ထုတ်ဖော်သည့်အလုပ်သမားများ ထဲမှ ဓားဒဏ်ရာကြောင့် အပြင်း အထန်ဒဏ်ရာရရှိသူခြောက်ဦး၊ သာမန်ဒဏ်ရာရရှိသူ ၁၀ဦးရှိခဲ့ ကြောင်း၊ အလုပ်ရှင်နှင့်ချုပ်ဆို ထားသည့်စာချုပ်ပါအချက်အ လက်များကို အလုပ်သမားဦးစီး ဌာနအနေဖြင့် အမြန်ဆုံးဖြေရှင်း ပေးရန် ကြေညာချက်တွင် ဖော်ပြ ထားသည်။

ဖြစ်စဉ်တွင် ကျူးလွန်ခဲ့သူလူ မိုက်များဆိုသောအဖွဲ့ကို တိုင်း ဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုက်ရိုက်အရေးယူဆောင်ရွက် ပေးရန်နှင့် လူမိုက်ဆိုသူများနှင့် အတူပါလာသည့် သင်္ကန်းဝတ် နှစ်ဦးကိုလည်း မြို့နယ်သံဃနာ ယကအဖွဲ့က စိစစ်ပေးရန်ရိုက် နှက်ခံခဲ့ရသည့် အလုပ်သမားများ က တောင်းဆိုထားသည်။

အလုပ်သမားများအပေါ် အ ကြမ်းဖက်သည့်ဖြစ်စဉ်၏ အဓိက အရင်းအမြစ်ကို ရှာဖွေနေ ကြောင်း၊ ဥပဒေအတိုင်းဖော် ထုတ်ရန်နှင့် ထိထိရောက်ရောက် အရေးယူပေးရန် အားပေး ကြောင်း Hong Ri စက်ရုံမန်နေ ဂျာဦးကျော်ဇေယျက ဇူလိုင် ၁ ရက်တွင် ပြောကြားထားသည်။ Hong Ri ပိုက်ဆံအိတ်စက် ရုံတွင် အလုပ်သမားစုစုပေါင်း ၅၀၀ ခန့်ရှိပြီး ၃၀၀ ကျော်သည် အလုပ်ရှင်၊ အလုပ်သမားချုပ်ဆို ထားသောစာချုပ်ပါအချက်အ လက်များထဲမှ သောက်ရေ ပြဿနာ၊ ခွဲခြားဆက်ဆံမှု၊ လူမှု ဖူလုံရေး၊ ရှောင်တခင်ခွင့်၊ အိုတီ ကြေးနှင့်နစ်နာကြေးကိစ္စရပ်များ ကို ကျေနပ်မှုမရှိသဖြင့် ဇွန်လ ၂၇ ရက်ကစတင်၍ ဆန္ဒပြခဲ့သည်။

No comments:

Post a Comment