Thursday, July 4, 2019

ချွတ်ယွင်းမှုတွေကို ပြန်ဖြေရှင်းပြီးပြီလို့ Facebook ထုတ်ပြန်

ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ကြည့်ရှုရာမှာ ပြဿနာ ဖြစ်ခဲ့တဲ့ ချွတ်ယွင်းချက်ကို ပြန်လည် ပြင်ဆင်ပေးခဲ့ရကြောင်း Facebookက ကြေညာခဲ့ပါတယ်။ ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက် မီဒီယာကြီးကို အသုံးပြုသူ အတော်များများဟာ အနေနဲ့ ဇူလိုင် ၃ ရက်က ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ တင်ရာမှာ အဖြူထည် သက်သက်ကြီး ဖြစ်နေတာမျိုး ကြုံခဲ့ရပါတယ်။ ဒါ့အပြင် Facebook ပိုင်ဆိုင်တဲ့ Instagramမှာလည်း Storyတွေကို ဖတ်ရှုဖို့ အခက်ကြုံတာမျိုး၊ WhatsAppမှာ Message ပို့မရတာမျိုးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။


ဒီချွတ်ယွင်းမှုတွေကို အခုတော့ အားလုံး ဖြေရှင်းပြီးပြီလို့ Facebookက တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အဆင်မပြေ ဖြစ်ခဲ့တဲ့ အတွက်လည်း အသုံးပြုသူတွေကို Facebookက တောင်းပန်ထားပါတယ်။

ဒီလို ချွတ်ယွင်းချက်တွေ ဖြစ်ရတာဟာ ပုံမှန် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းစဉ် တစ်ခုမှာ အမှားအယွင်း ကြုံသွားလို့ဆိုပြီး Facebookက ဖြေရှင်းချက် ပေးထားပါတယ်။ Facebookလို လူသုံးများတဲ့ လူမှုကွန်ရက် မီဒီယာတစ်ခုမှာ ပြဿနာ ပေါ်တာဟာ ကျယ်ပြန့်တဲ့ သက်ရောက်မှုတွေ ရှိပါတယ်။

အထူးသဖြင့် Facebookနဲ့ ချိတ်ဆက်ထားတဲ့ တခြား ဝက်ဘ်ဆိုက်တွေ၊ ဝန်ဆောင်မှု လုပ်ငန်းတွေမှာပါ ထိခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ချွတ်ယွင်းချက် ဖြစ်ပေါ်နေတဲ့ နာရီပိုင်း အတွင်းမှာ သုံးစွဲသူတွေရဲ့ ဝေဖန် မေးခွန်းထုတ်မှုတွေကိုလည်း Facebook အနေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

No comments:

Post a Comment