Thursday, July 4, 2019

ရန်ကုန်မြို့တွင် H1 N1 လူနာများအပြင် ရာသီတုပ်ကွေး အမျိုးအစားတစ်ခု ဖြစ်သည့် AH3 ဗိုင်းရပ်စ်ပိုးမျိုးကွဲ တွေ့ရှိနေဟုဆို

ရန်ကုန်မြို့တွင် H1 N1 လူနာများအပြင် ရာသီတုပ်ကွေး အမျိုးအစား တစ်ခုဖြစ်သည့် AH3  ဗိုင်းရပ်စ်ပိုးမျိုးကွဲ တွေ့ရှိနေကြောင်း အဖွဲ့ခေါင်းဆောင် ဆရာဝန်၊ တိုးချဲ့ကာကွယ် ဆေး/ကူးစက်၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ရဲလင်းနိုင်က ပြောကြားသည်။ အဆိုပါ ပိုးအမျိုးအစားမှာ လက်ရှိ ဖြစ်ပွားနေသည့် ရာသီတုပ်ကွေး (Seasonal Influenza A (H1 N1 2009) အမျိုးအစား တစ်ခုဖြစ်ပြီး ဗိုင်းရပ်ပိုး မျိုးကွဲဖြစ်ကာ ဖြစ်ပွားသည့် ရောဂါလက္ခဏာများမှာ အတူတူပင် ဖြစ်ကြောင်း သိရသည်။



“ရောဂါပိုးက အတည်ပြုပါတယ်။ သူက H1 N1 နဲ့ ရောဂါလက္ခဏာက အတူတူ ပဲ။ သူက အရင်ကတည်းက ရှိတဲ့ အမျိုးအစားပါ။ ခုဖြစ်နေတာမှာ ကျွန်တော်တို့က H1 N1 ကို ပိုတွေ့ရတယ်။ သိပ်ပြီး စိုးရိမ်ရတဲ့ အခြေအနေ မဟုတ်ပါဘူး။ ကျွန်တော်တို့ လက်ရှိမှာလည်း ရောဂါ အခြေအနေတွေကိုစောင့်ကြည့်နေတယ်။ ရန်ကုန်အနေနဲ့ဆို H3 ဖြစ်တဲ့ လူနာတစ်ယောက် ရှိတယ်။ သူကတော့ ဖြစ်နေတာကြာပြီ။ လက်ရှိမှာ စိုးရိမ်စရာ မလိုဘူး။ ဖြစ်တဲ့သူက အမျိုးသမီးပါ။ အသက်ကတော့ ၄၇ နှစ်ပါ။ သူမှာက သွေးနဲ့ ပတ်သက်တဲ့ နာတာရှည် ရောဂါအခံတော့ ရှိတယ်” ဟု ゞင်းင်းက ပြောကြားသည်။
ယင်းသို့ တွေ့ရှိရသော်လည်း အရေးပေါ်အခြေအနေ မဟုတ်သည့်အတွက် စိုးရိမ်ရန် မလိုအပ်ကြောင်းနှင့် ゞင်းတို့အနေဖြင့်လည်း အရေးပေါ် စောင့်ကြည့်မှုများ၊ ကျန်းမာရေး ပညာပေး လုပ်ငန်းများနှင့် ရောဂါဖြစ်နိုင်ခြေရှိသည့် နေရာများသို့ သွားရောက်၍  ရောဂါဖြစ်ပွားမှုများကို နည်းဗျူဟာဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ゞင်းက ပြောကြားသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရာသီတုပ်ကွေး (Seasonal Influenza A (H1 N1 2009) သံသယ လူနာ ၃၄၃ ဦးရှိပြီး စစ်ဆေး အတည်ပြုချက်အရ ရောဂါပိုး တွေ့ရှိသူ ၉၉ ဦးရှိကာ ဇူလိုင် ၁ ရက်အထိ သေဆုံးသူ ၂၁ ဦးအထိ ရှိခဲ့ကြောင်း၊  ရန်ကုန်တိုင်းတွင် ဖြစ်ပွားမှု အဖြစ်ဆုံးဖြစ်ကာ သေဆုံးမှုလည်း အများဆုံး ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) စသည့် ဒေသများတွင် အဆိုပါ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှု မတွေ့ရကြောင်း သိရသည်။

ရာသီတုပ်ကွေး ရောဂါသည် မိုးတွင်းကာလနှင့် ဆောင်းတွင်း ကာလများတွင် ပိုမိုဖြစ်ပွား ကူးစက်တတ်ရာ ဝန်ကြီးဌာနအနေဖြင့် ရာသီတုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေး နှင့် တုံ့ပြန်ရေး စီမံချက်ကို ရေးဆွဲ၍ ရောဂါစောင့်ကြပ် ကြည့်ရှုရေးနှင့် တုံ့ပြန်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။

No comments:

Post a Comment