Thursday, July 4, 2019

တပ်မတော်၏အပစ်ရပ်ကြေညာမှုတွင် နပခနယ်မြေ ချန်လှပ်ထားခြင်းကို ပြင်ဆင်ပေးရန် ရခိုင်ပါတီ တိုက်တွန်း သံသယဖြင့် ဖမ်းထားသူများ သေဆုံးခဲ့မှု အရေးယူပေးရန် တောင်းဆို

တပ်မတော်က အပစ်ရပ်ကြေညာရာတွင် တိုင်းစစ်ဌာနချုပ် ငါးခုကိုသာ   အပစ်ရပ်စဲပြီး   အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)နယ်မြေ    ချန်လှပ်ထား ခြင်းကို ပြန်လည်ပြင်ဆင်ပေးရန် တိုက်တွန်းကြောင်း ရခိုင်အမျိုးသားပါတီ(ANP)က   ယမန်နေ့တွင် သဘောထားထုတ်ပြန်ကြေညာ သည်။ ANP ၏ ပါတီမူဝါဒရေးရာ ဦးဆောင်ကော်မတီနှင့် ဗဟိုအ လုပ်အမှုဆောင်ကော်မတီအ စည်းအဝေးကို ဇူလိုင် ၁ ရက်နှင့်၂ ရက်တွင် စစ်တွေမြို့၌ ကျင်းပ ရာ အစည်းအဝေးအပြီး အချက် လေးချက်ပါ သဘောထားကြေ ညာချက်ထုတ်ပြန်သည်။



‘‘အပစ်အခတ်ရပ်စဲရေး ကြေညာထားတာလည်း နောက် ထပ် သက်တမ်းနှစ်လ တိုးတယ် ဆိုပြီးတော့ တပ်မတော်ဘက်က ကြေညာထားတာရှိပါတယ်။ အဲဒီ အထဲမှာ လက်ရှိအခြေအနေမှာ ပြည်တွင်းစစ်အပြင်းထန်ဆုံး နေရာတစ်ခုဖြစ်နေပါတယ်။ စစ်ရေးပဋိပက္ခအကြီးကျယ်ဆုံး ပြည် နယ်တစ်ခုဖြစ်နေပါတယ်။ အဲဒီ လိုဖြစ်နေတဲ့ ပြည်နယ်တစ်ခုကို နောက်ထပ်သက်တမ်းတိုးတာမှာ လည်း ချန်လှပ်ထားတဲ့အတွက် ကြောင့် ကျွန်တော်တို့ပါတီအနေ နဲ့ ထုတ်ပြန်ချက်ထုတ်တာပါ။ အဲဒီလို ချန်လှပ်ထားတာဟာ ကျွန်တော်တို့ ရခိုင်ပြည်နယ်အ တွက် ကောင်းတဲ့ လက္ခဏာမဟုတ်ဘူးလို့ ကျွန်တော်တို့ပါတီ အနေနဲ့ ရှုမြင်ပါတယ်’’ ဟု ANPဥက္ကဋ္ဌ ဦးသာထွန်းလှက ပြော သည်။ ထို့ပြင် ရခိုင်ပြည်နယ်အ တွင်း စစ်ပွဲဖြစ်ပွားနေသော ဒေသများမှ ပြည်သူများအား သံသယဖြင့် ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်စစ် ဆေးနေမှုကြောင့် အရပ်သားပြည်သူများ      သေဆုံးမှုရှိနေ ကြောင်း၊   ဥပဒေမဲ့ လုပ်ရပ်များအား ရပ်တန့်ရန်နှင့် ပြစ်မှုကျူးလွန်သူများကို အရေးယူအပြစ် ပေးရန် အလေးအနက် တောင်းဆိုကြောင်း ANP ၏ သဘောထား ထုတ်ပြန်ချက်၌ ဖော်ပြထား သည်။

သံသယဖြင့် စစ်ဆေးခံရသူများ သေဆုံးဖြစ်စဉ်များနှင့် ပတ် သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ၀င်းဇော်ဦးက တပ်မ တော်အနေဖြင့် ဖမ်းဆီးထားသူ များကို နှိပ်စက်ညှဉ်းပန်းခြင်း မရှိ ကြောင်း ပြောကြားထားသည်။ ထို့အပြင် စစ်ကြောရေးကာလအတွင်း    သေဆုံးရသူများနှင့် ပတ်သက်၍ ကျူးလွန်သူများက တာဝန်ယူပေးရန်နှင့် နောက် နောင် ထိုသို့မဖြစ်စေရန် တောင်းဆိုမှုကို ရခိုင်လူငယ်များက ဇူလိုင် ၂ ရက်တွင် စစ်တွေမြို့ ဦးဥတ္တမပန်းခြံ၌ သရုပ်ပြအခမ်းအနားဖြင့် ပြုလုပ်တောင်းဆိုခဲ့သည်။

No comments:

Post a Comment