Thursday, July 4, 2019

ဖမ်းဆီးစစ်ဆေးစဉ် သေဆုံးမှုများနှင့်ပတ်သက်၍ နစ်နာသူများက တရားစွဲနိုင် ကျူးလွန်ကြောင်း ထင်ရှားသည့် တပ်မတော်သားများကို ပြင်းထန်စွာအရေးယူမည်ဟု တပ်မတော်ပြော

တပ်မတော်နှင့်ရခိုင်လက်နက်ကိုင်အဖွဲ့(AA)တို့၏ စစ်ရေးပဋိပက္ခအတွင်း သံသယဖြင့် ဖမ်းဆီးခံထားရသူများ နှိပ်စက်ညှဉ်းပန်းခံရသဖြင့် သေဆုံးမှုများနှင့်ပတ်သက်ပြီး  နစ်နာသူများက တရားဥပဒေကြောင်းအရ ဆောင်ရွက်နိုင်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဇူလိုင် ၃ ရက် တွင် ပြောသည်။ AA နှင့် ပတ်သက်၍သံသယ ရှိသည်ဆိုကာ တပ်မတော်စစ်ကြောင်းက ဖမ်းဆီးခဲ့သူ ကိုဇော်ဝင်းလှိုင်သည် နှိပ်စက်ညှဉ်းပန်းခံရသည့် ဒဏ်ရာများကြောင့် ဇူလိုင် ၁ ရက်တွင် သေဆုံးခဲ့သည်။ တပ်မတော်က နှိပ်စက်သဖြင့်  ကိုဇော်ဝင်းလှိုင် သေဆုံးခြင်းဖြစ်ကြောင်း ပြောကြားမှုများနှင့် ပတ်သက်ပြီး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ထိုသို့ ပြောကြားခြင်းဖြစ်သည်။



‘‘ကိုဇော်ဝင်းလှိုင်ကိစ္စနဲ့ပတ် သက်ပြီး တပ်ရဲ့ညှဉ်းပန်းနှိပ်စက် မှုကြောင့်လို့ ပြောတာလည်းရှိပါ တယ်။ ကိုဇော်ဝင်းလှိုင်ကို ၂၄ ရက်နေ့မှာ တရားဥပဒေအရ ဆက်လက်ဆောင်ရွက်နိုင်ဖို့ ရဲကို  လွှဲပြီးသားဖြစ်ပါတယ်။ သို့သော်  တပ်ကနေ ညှဉ်းပန်းနှိပ်စက်လို့ ပြောတာရှိပါတယ်။ ဒါနဲ့ပတ် သက်ပြီး ကျွန်တော်ပြောလိုတာက တော့ နိုင်ငံသားတိုင်းမှာ တရား ဥပဒေအရ အကာအကွယ်ရယူ ပိုင်ခွင့်တွေရှိတယ်၊ တရားဥပဒေ အရ ဆောင်ရွက်ပိုင်ခွင့်တွေ ရှိပါ တယ်။ နစ်နာတယ်ဆိုရင် တိုင် ကြားလို့ရပါတယ်’’ဟု ဗိုလ်မှူး ချုပ်ဇော်မင်းထွန်းက ပြောသည်။

တပ်မတော်အနေဖြင့် စစ် ကြောမေးမြန်းမှုများ လုပ်ဆောင် ရာတွင် ညှဉ်းပန်းနှိပ်စက်မှုများ မရှိစေရေး လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများရှိကြောင်း၊ ချ မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများချိုးဖောက်ပါက လျစ်လျူရှုထားမည်မဟုတ်ဘဲ အရေးယူ မည်ဖြစ်ကြောင်း၊ ထိုသို့ အရေးယူ ရာတွင် စစ်ဘက်-အရပ်ဘက်  ဥပဒေများဖြင့် အရေးယူခံရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘ညှဉ်းပန်းနှိပ်စက်မှုမရှိဘူး လို့ ပြောတာမဟုတ်ပါဘူး။  သူ့ ဘက်ကိုယ့်ဘက်တော့ရှိမှာပေါ့။ နစ်နာသူများအနေနဲ့လည်း ဘယ် သူ့ကြောင့်ဆိုတဲ့ဟာမျိုး ဖော် ထုတ်ပေးစေချင်တာရှိမယ်။ အ စွပ်စွဲခံရသူဘက်ကလည်း သူ မဟုတ်ကြောင်း  သက်သေပြတာ မျိုးရှိမယ်။ ဒါတွေကိုအဆုံးအဖြတ် ပေးမှာက တရားဥပဒေ ပြဋ္ဌာန်း ချက်တွေနဲ့ တရားသူကြီးကပဲ အဆုံးအဖြတ်ပေးပါလိမ့်မယ်ဗျ’’ ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

တပ်မတော်အနေဖြင့် ရခိုင် တွင်သာမက အခြားဒေသများ၌ပါ အရပ်သားများကို နှိပ်စက်သတ် ဖြတ်မှုများနှင့်ပတ်သက်ပြီး ကျူး လွန်ခဲ့သည့် တပ်မတော်သားများ အား အရေးယူခြင်းများ ယခင် ကလည်းရှိကြောင်း၊ ထိုသို့ အ ရေးယူရာတွင် ကျူးလွန်သူသာမ က ကွပ်ကဲမှုအဆင့်ဆင့်တွင်အား နည်းမှုရှိသည့် တာဝန်ရှိသူများကို လည်း အရေးယူခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

စစ်ဘေးရှောင်များအား ကူ ညီနေသူ ကိုအမ်းသားကြီးကမူ နစ်နာမှုများနှင့်ပတ်သက်ပြီး  တိုင် ကြားပါက  အမှန်တကယ်အရေး ယူမည်လားဟု မေးခွန်းထုတ် သည်။

‘‘အမှန်တကယ်အရေးယူ ရင် တိုင်မယ့်သူတွေ  အများကြီးရှိ တယ်။ တိုင်ရင်ကော တကယ်အ ရေးယူလား၊ မေးခွန်းထုတ်စရာ တွေ အများကြီးရှိတယ်။ ဆိုတော့  တိုင်ရင်ကော အရေးယူမလား။  ထပ်ပြောရမယ်။ အရေးယူဖို့လို့ ပါးစပ်နဲ့ပြောပြီး လက်တွေ့မလုပ် တဲ့အခါမှာ ပြည်သူလူထုတွေက လုပ်ရတာ ပင်ပန်းတယ်’’ဟု ကို အမ်းသားကြီးက ပြောသည်။

AA နှင့်ပတ်သက်၍ သံသ ယရှိသဖြင့် ဖမ်းဆီးထိန်းသိမ်းစစ် ဆေးမှုများတွင် ၁၀ ဦးကျော်သေ ဆုံးခဲ့သည်။ ထို့အတူ AA အဖွဲ့ က ဖမ်းဆီးထိန်းသိမ်းထားစဉ် သေဆုံးသူအချို့လည်းရှိသည်။

ရခိုင်ဒေသ စစ်ရေးပဋိပက္ခ အတွင်း သံသယနှင့် ဖမ်းဆီးစစ် ဆေးခံရသူများ သေဆုံးမှုများနှင့် ပတ်သက်ပြီး တရားဥပဒေမဲ့ ပြစ် မှုကျူးလွန်သူများကို အရေးယူ ပေးရန်  ရခိုင်အမျိုးသားပါတီ (ANP)က  ဇူလိုင် ၃ ရက်တွင် သ ဘောထားထုတ်ပြန် တောင်းဆို ထားသည်။ အလားတူ ရခိုင်လူငယ်များ ကလည်း ဇူလိုင် ၂ ရက်တွင် စစ်တွေမြို့ ဦးဥတ္တမပန်းခြံ၌ သရုပ်ပြအခမ်းအနားပြုလုပ်၍ စစ်ကြောရေးကာလအတွင်း သေ ဆုံးခဲ့သူများနှင့်ပက်သက်၍ကျူး လွန်သူများက တာဝန်ယူပေးရန် နှင့် နောက်နောင် ထိုသို့မဖြစ်စေ ရေးဆောင်ရွက်ပေးရန် တောင်း ဆိုခဲ့သည်။

No comments:

Post a Comment