Thursday, July 4, 2019

ရှမ်းမြောက်ဒေသတွင် ငမြှောင်တောင်ပိုး ထိန်းချုပ်နိုင်ရေး ဒရုန်းဖြင့် ပိုးသတ်ဆေးဖျန်းမည်

ရှမ်းပြည်နယ်မြောက် ပိုင်းဒေသရှိ ပြောင်းခင်းများအ တွင်း ငမြှောင်တောင်ပိုးကျရောက် မှု ထိန်းချုပ်နိုင်ရန် ဒရုန်း(Drone) သုံး၍ ပိုးသတ်ဆေးဖျန်းမည်ဟု စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူ များက ပြောသည်။ ငမြှောင်တောင်ပိုး ကျ ရောက်မှု များပြားနေသော ရှမ်း ပြည်နယ်မြောက်ပိုင်း နောင်ချို၊ သီပေါနှင့် ကျောက်မဲမြို့ရှိ ပြောင်းခင်းများသို့ ဒရုန်းဖြင့် ပိုးသတ်ဆေး ဖျန်းမည့် အစီအစဉ်ကို ဇူလိုင် ၄ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာ န ဦးစီးမှူးဦးတင်ဦးကြိုင်က ပြော သည်။



‘‘ပိုးကျတာလည်း များတဲ့နေ ရာ၊ တောင်သူတွေဘက်ကလည်း တကယ်လိုအပ်နေတဲ့ နေရာတွေ ကို ရွေးပြီးဆေးဖျန်းမှာပါ။ ဒရုန်း နဲ့ဆို ပြောင်းတစ်ခင်းကို သုံးမိနစ်၊ လေးမိနစ်ပဲ ကြာတယ်’’ ဟု ဦးတင်ဦးကြိုင်က ပြောသည်။

ယခု ကြုံတွေ့နေသော ငမြှောင်တောင်ပိုးမျိုးစိတ်ကို Fall Armyworm (FAW) ဟု အမည် ပေးပြီး ယခင်နှစ်များထက် ဖျက်ဆီးအားပြင်းထန်ကြောင်း ၎င်းကပြောသည်။ စိုက်ပျိုးရေး ဦးစီးဌာနသည် စိုက်ပျိုးရေးကုမ္ပဏီ နှစ်ခုနှင့် ပူးပေါင်းကာ ဒရုန်းဖြင့်ပိုးသတ်ဆေးဖျန်းခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြောင်းအ များဆုံး စိုက်ပျိုးရာဒေသဖြစ်သော ရှမ်းပြည်နယ်၌ မေလလယ်ခန့်က စ၍ ပြောင်းခင်းများအတွင်း ငမြှောင်တောင်ပိုး ကျရောက်၍ တောင်သူများ အခက်တွေ့နေ သည်။ ပိုးကျရောက်နေသော ကာလသည် နှစ်လနီးပါးကြာလာပြီဖြစ်၍ ပိုးသတ်ဆေးထောက် ပံ့ပေးရန် တောင်သူများက အစိုးရထံ အကူအညီတောင်းခံခဲ့သည်။

‘‘ပိုးကျတဲ့ကာလက ကြာ လာတော့ ဆေးဖိုးကမခံနိုင်တော့ ဘူး။ မထိန်းနိုင်ရင် ဒီအတိုင်းထား ရမယ့် ပုံစံမှာရှိတော့ တောင်သူ တွေ သောကရောက်ရတယ်’’ ဟု ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူ မြို့နယ် မန်လီရွာရှိ တောင်သူ ဦးမြင့်သူက ပြောသည်။ ရှမ်းပြည်နယ် အစိုးရအဖွဲ့ သည် ငမြှောင်တောင်ပိုးကျရောက် မှု ထိန်းချုပ်နိုင်ရေး ဒေသခံတောင် သူများနှင့် စိုက်ပျိုးရေးဦးစီးဌာန ၀န်ထမ်းများပါဝင်သော ဆေးဖျန်းတပ်ဖွဲ့ ဖွဲ့စည်းဆောင်ရွက်နေ သည်။ ဇူလိုင် ၂ ရက် စာရင်းအရ ရှမ်းပြည်နယ်တွင် ပြောင်းစိုက် ဧကသုံးသိန်းကျော်ရှိပြီး ငမြှောင်တောင်ပိုးကျသည့် ဧက သုံးသောင်းခန့်ရှိကြောင်း စိုက်ပျိုးရေး ဦးစီးဌာနက ဆိုသည်။

No comments:

Post a Comment