Thursday, July 4, 2019

တိုက်ပွဲများကြောင့် ပိတ်ထားခဲ့ရပြီး ရှစ်နှစ်ကြာမှပြန်လည်ဖွင့်လှစ်ခဲ့သည့် နမ်ဆန်ယန် အခြေခံပညာ အလယ်တန်းကျောင်းကို ပြန်လည်ပြုပြင်သွားမည်

Image may contain: sky and outdoorတစ်ကျော့ ပြန် တိုက်ပွဲများကြောင့် ပိတ်ထား ခဲ့ပြီး ရှစ်နှစ်ကြာမှ ပြန်လည်ဖွင့်လှစ် နိုင်ခဲ့သည့် ကချင်ပြည်နယ် ဝိုင်းမော် မြို့၌ တည်ရှိသည့် နမ်ဆန်ယန်အ ခြေခံပညာ အလယ်တန်းကျောင်း ရှိ ကျောင်းဆောင်နှစ်ဆောင်ကို ပြည် ထောင်စုရန်ပုံငွေ ကျပ်သိန်း ၆၀ဝ ကျော် အသုံးပြုကာ ပြန်လည်ပြုပြင် သွားမည်ဖြစ်ကြောင်း ကချင်ပြည် နယ် ပညာရေးမှူးရုံးမှ သိရသည်။



""ဒီကျောင်းဆောင်တွေက ပြု ပြင်မှရမယ်။ မပြုပြင်ဘူးဆိုရင်တော့ စာသင်ဖို့အတွက်ကို အဆင်ပြေမှာ မဟုတ်ဘူး""ဟု ကချင်ပြည်နယ် ပညာ ရေးမှူးရုံးမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးရဲအောင်က ပြောကြား သည်။အဆိုပါ ကျောင်းဆောင်နှစ် ဆောင် ပြုပြင်ရန်အတွက် ယခုအ ခါ တင်ဒါခေါ်ယူထားပြီး လာရောက် လျှောက်ထားသည့် ကုမ္ပဏီသုံးခုကို စစ်နေဆဲဖြစ်ကာ ယခုနှစ်ပညာသင် နှစ်တစ်နှစ်လုံးကို ယင်းကျောင်း ဆောင်ဟောင်းနှစ်ဆောင်၌သာ သင် ကြားပေးသွားမည်ဖြစ်ပြီး ကျောင်း ဆောင်သစ် တိုးချဲ့တည်ဆောက် သွားရန် ယခုနှစ်အတွင်း၌ စီမံချက် မရှိကြောင်း သိရသည်။
""ဒီနမ်ဆန်ယန် ကျောင်းပြင် ဖို့အတွက် ကုမ္ပဏီသုံးခုကနေ တင်ဒါခေါ်ယူထားတယ်။ စိစစ်နေ တုန်းပဲ။ မထွက်သေးဘူး။ နှစ်ထပ် ဆောင်ပြင်ဖို့က ကျပ် ၅၃၆ သိန်း၊ နောက်တစ်ဆောင်ပြင်ဖို့က ကျပ် ၈၃ သိန်းချပေးထားတယ်""ဟု ပြည် နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန် ကြားရေးမှူး(ဘဏ္ဍာ) ဦးမြင့်စိုးက ပြောကြားသည်။

နမ်ဆန်ယန်ကျောင်း၌ ယခု ပညာသင်ယူနေသည့် ကျောင်းသား ကျောင်းသူများမှာ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ၌ ကန်တော်ယန် အမည်ဖြင့် ဖွင့်လှစ်ထားသည့် အလက နမ်ဆန်ယန်ကျောင်းမှ ကျောင်းသားကျောင်းသူ အများဆုံး ဖြစ်ပြီး လိုင်ဇာဘက်မှ စစ်ရှောင်စ ခန်းများရှိ ကျောင်းသားကျောင်းသူ များလည်း ပါဝင်ကြောင်း သိရ သည်။

No comments:

Post a Comment