Thursday, July 4, 2019

မီတာခတက်၍ ပြည်မြို့၌ ဆန္ဒပြ

လျှပ်စစ်မီတာခများ တိုး မြှင့်ကောက်ခံခြင်းကို ကန့်ကွက် သည့်အနေဖြင့် လူ ၅၀ ကျော်ကပြည်မြို့ ဗိုလ်ချုပ်အောင်ဆန်း မြင်း စီးကျောက်ရုပ် အဝိုင်းပတ်နေရာ တွင် ဇူလိုင် ၂ ရက်ညက ဆန္ဒပြခဲ့ သည်။ မီတာခများ ပြန်လည်လျှော့ ချပေးရန်နှင့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲပြီးနောက် အနိုင်ရ မည့် အစိုးရဖွဲ့ပြီးသည့် ကာလ အထိ မီတာခတိုးမြှင့်ကောက်ခံ ခြင်းကို ဆိုင်းငံ့ပေးရန် ဆန္ဒပြခြင်း ဖြစ်ကြောင်း ဆန္ဒဖော်ထုတ်သူ များက ပြောသည်။


အဆိုပါ ဆန္ဒဖော်ထုတ်ပွဲ တွင် တက်ကြွလှုပ်ရှားသူများ၊ နိုင် ငံရေးအကျဉ်းသားဟောင်းများ နှင့် ဒေသခံများပါဝင်ခဲ့သည်။ မီ တာခများ ပြန်လည်လျှော့ချပေး ရန် အဓိကကြွေးကြော်ခဲ့ပြီး ဖယောင်းတိုင်မီးများ ထွန်းညှိကိုင် ဆောင်ကာ တစ်နာရီကျော် ဆန္ဒပြ ခဲ့သည်။

ဆန္ဒဖော်ထုတ်ရာတွင် ပါဝင် သူ ဦးဝင်းလှိုင်က ‘‘လက်ရှိမှာ အစိုးရလည်း ကျပ်တည်းသလို ပြည်သူ လည်း ကျပ်တည်းနေတာပါ။ အ လုပ်အကိုင်ရှားပါးပြီး ကုန်ဈေး နှုန်းကလည်း ကြီးနေတာပါ။ အဲဒီ မှာ မီတာခတက်ရင် ကုန်ဈေးနှုန်းပါ တက်မှာကို ထမင်းစားတဲ့လူ တိုင်းသိတယ်။ ကုန်ဈေးနှုန်းဆို တာကလည်း တက်ပြီးရင် ပြန်မ ကျတော့ဘူး။ ဒီလို အစိုးရနဲ့ ပြည် သူကျပ်တည်းနေချိန်မှာ လျှပ်စစ် မီတာခတွေတိုးမြှင့်မကောက်ခံဖို့ တောင်းဆိုပါတယ်’’ ဟု ပြော သည်။

လျှပ်စစ်ဓာတ်အားထုတ် လုပ်ဖြန့်ဖြူးမှုတိုးချဲ့ရေး၊ မဟာ ဓာတ်အားလိုင်းစနစ်မှ လျှပ်စစ်မီး မရရှိသေးသည့် ဒေသများ မီးရရှိ ရေးလုပ်ငန်းများ ဆောင်ရွက်နိုင် ရန် လျှပ်စစ်မီတာခများကို တိုးမြှင့် ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန် ကြီးဌာနက ကြေညာသည်။

ထိုသို့ တိုးမြှင့်ရန် နယ်ပယ် အသီးသီးမှ ကိုယ်စားလှယ်များ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေး နွေးကာ အကြံပြုချက်ရယူဆောင် ရွက်ခဲ့သည်ဟုဆိုသည်။ တိုးမြှင့်နှုန်းထားကို ဇူလိုင် ၁ ရက်က စတင်ကောက်ခံမည်ဖြစ် ပြီး ပြည်ထောင်စုအစိုးရ သဘောတူညီချက် ရရှိပြီးဖြစ် ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြ ပါရှိသည်။

No comments:

Post a Comment