Thursday, July 4, 2019

အမ်းမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးစစ်ဆေး

ရခိုင်ပြည်နယ်၊ အမ်းမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူ ၁၂၅၇ ဦးတို့ကို သွားနှင့် ခံတွင်း ရောဂါ၊ မျက်စိရောဂါ၊ ကလေးရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး စာသင် ကျောင်းများနှင့် ခြင်အန္တရာယ် ကင်းရှင်းစေရေးအတွက် ခြင်ဆေးဖျန်းခြင်း များ ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment