Thursday, July 4, 2019

စည်ပင်ဥပဒေဖြင့် တရားစွဲမှု ၁,၄၀၀ ကျော်ရှိ

ယခုနှစ်တွင် စည်ပင် သာယာရေးဥပဒေဖြင့် တရားစွဲ အရေးယူထားသည့် အမှု ၁,၄၀၀ ကျော်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စီမံခန့်ခွဲရေး၊ ပြည်သူ့ဆက်ဆံရေး နှင့် ပြန်ကြားရေးဌာန စီမံရေးရာ ဌာနမှူး ဦးကျော်မင်းက ပြော ကြားသည်။ေ မလကုန်အထိ စည်ပင် သာယာရေးဥပဒေဖြင့် တရားစွဲဆို အရေးယူထားသည့် အမှု ၁,၄၃၃မှုရှိပြီး အများဆုံးသည် ယာဉ်နှင့် ပတ်သက်သည့် အမှုများဖြစ် သည်။



‘‘အမိန့်ချဖို့ ၂၁ မှု ကျန်ရှိနေ ပါတယ်။ ကျန်တဲ့အမှုတွေ မြို့နယ်ရဲစခန်းတွေမှာ တိုင်ကြားထားတာ ကတော့ အများကြီးရှိပါတယ်။ သူတို့ဆီကနေ တစ်ခုချင်းစစ်ဆေး ပြီးတော့ တရားရုံးကို ပေးလို့ရပြီ ဆို တရားရုံးကိုတင်တဲ့အခါ၊ တရားရုံးက စစ်ဆေးတဲ့အခါကျရင်တော့ တိုင်တဲ့အမှုတွေ ဆက်တက်လာ မှာ ဖြစ်ပါတယ်’’ဟု ဦးကျော်မင်း က ပြောသည်။

၂၀၁၈ စည်ပင်သာယာရေး ဥပဒေအရ ပြစ်မှုကျူးလွန်ကြောင်း၊ တစ်နည်းအားဖြင့် ပုဒ်မ ၃၁၀ မှ ၃၂၃ အထိ ပြဋ္ဌာန်းထားသည့် တားမြစ်ချက်များကို ဖျောက်ဖျက် ကျူးလွန်လျှင် (သို့မဟုတ်) လိုက် နာရန် ပျက်ကွက်လျှင် အရေးယူ ဆောင်ရွက်ရမည်ဟု ပါရှိသည်။ သို့သော် နောက်ပိုင်းကာလများ၌ တရားစွဲဆိုခံရသူများဘက်က ရှေ့နေပါလာခြင်း၊ ရဲစခန်းများက လည်း ပုဒ်မနံပါတ်မတပ်နိုင်ခြင်း စသည့်အခက်အခဲများရှိကြောင်း ၎င်းက ပြောသည်။

‘‘အဲဒီတော့ ညှိနှိုင်းနေပါ တယ်။ ဘာလို့ ညှိနှိုင်းလဲဆိုတော့ ကျွန်တော်တို့ စည်ပင်သာယာ ဥပဒေကြီးကို အသက်ဝင်စေရန် အလို့ငှာ ညှိနှိုင်းဆောင်ရွက်နေ တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အမှုတွေ ရဲစခန်းကို တိုင်တန်း တယ်။ ရဲစခန်းကလည်း အမှုတွေ ကျန်ပြီးတော့ ဘာမှလည်း မပြီးစီး တဲ့ အနေအထားမျိုးတွေလည်း၊ ဖြစ်နိုင်တဲ့အနေအထားမျိုးတွေ လည်း လုံခြုံရေးနဲ့ စည်းကမ်းထိန်း သိမ်းရေးဌာနမှူးနဲ့ ညှိနှိုင်းပြီးတော့ သူ့ဌာနမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကိုလည်း အမှုဖွင့်လို့ရအောင်၊ စည်ပင်သာယာဥပဒေကို ထိထိ ရောက်ရောက် အရေးယူဆောင် ရွက်လို့ရအောင်ပါ’’ဟု ဦးကျော် မင်းက ပြောသည်။ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီတွင် စမ်း ချောင်း၊ လသာ၊ ပုဇွန်တောင်၊ အင်းစိန်၊ မြောက်ဥက္ကလာပနှင့် တောင်ဒဂုံမြို့နယ်တို့၌ စည်ပင် သာယာတရားရုံး ခုနစ်ရုံးရှိကာ ထိုတရားရုံးများက အမှုများကို ဆုံးဖြတ်စီရင်ခြင်းဖြစ်သည်။

No comments:

Post a Comment