Wednesday, May 22, 2019

သာစည်မြို့နယ် ကြက်မောက်ကျေးရွာတွင် စီးပွားရေး အဆင်မပြေသော အမျိုးသားတစ်ဦး ဇနီးဖြစ်သူ ဆန်ချေးထွက်စဉ် ဆွဲကြိုးချသေဆုံး

သာစည်မြို့နယ် ကြက်မောက်ကျေးရွာတွင် စီးပွားရေး အဆင်မပြေသဖြင့် စိတ်ညစ်နေသော အမျိုးသား တစ်ဦးမှာ ဇနီးဖြစ်သူ ဆန်းချေးငှားရန်ထွက်စဉ် နေအိမ်တွင် ကျန်ခဲ့ရာမှ ဆွဲကြိုးချ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။မေ ၂၀ ရက် ညနေပိုင်းက သာစည်မြို့နယ် မြို့မရဲစခန်းမှ တာဝန်ရှိသူများသည် သာစည်မြို့နယ် ကြက်မောက်ကျေးရွာတွင် ဆွဲကြိုးချသေဆုံးမှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ သာစည်မြို့နယ် ကြက်မောက်ကျေးရွာနေ စည်သူအောင် အသက် (၂၃) နှစ်သည် ゞင်းနေအိမ်ခန်းအတွင်း ခေါင်သစ်သားတိုင်အား အပြာရောင် နိုင်လွန်ကြိုးချည်ကာ
ကျန်တစ်ဖက်အား လည်ပင်းစွပ်လျက် မတ်တပ်ရပ် ဆွဲကြိုးချကာ ပြင်ပဒဏ်ရာမရှိ သေဆုံးနေသည်ကို တွေ့ရှိရပြီး အသက် ၁၉ နှစ်အရွယ်ရှိ စည်သူအောင်၏ ဇနီးဖြစ်သူအား မေးမြန်းခဲ့ရာ စည်သူအောင်မှာ စီးပွားရေး အဆင်မပြေသဖြင့် စိတ်ညစ်နေကြောင်းနှင့် ထို့နေ့က ထမင်းချက်ရန် ဆန်မရှိသဖြင့် ဇနီးဖြစ်သူက တစ်ရွာတည်းနေ မိခင်ဖြစ်သူထံ ဆန်ချေးငှား ထွက်နေစဉ် နေအိမ်တွင် ကျန်ခဲ့သော ခင်ပွန်း စည်သူအောင် ဆွဲကြိုးချနေခြင်းဖြစ်ကြောင်း ကနဦး စစ်ဆေးချက်အရ သိရသည်။အဆိုပါ အမှုအား သာစည်မြို့မ ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၅/၂၀၁၉ ဖွင့်လှစ်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

No comments:

Post a Comment