Wednesday, May 22, 2019

ဆီဆိုင်မြို့နယ်ရှိ က​လေးငယ်များကို ပရဟိတအဖွဲ့က ခေါ်​ဆောင်​မှု အာဏာပိုင်​များ စစ်​​ဆေး

ရှမ်းပြည်နယ်၊ ဆီဆိုင်​မြို့နယ်ထဲက ကျေးရွာတွေကနေ က​လေးငယ် အယောက် ၆၀ ကို သက်​​သေအ​ထောက်​အထား မပါဘဲ ပရဟိတ​ကျောင်းကို ခေါ်ဆောင်သွားတာနဲ့ ပတ်သက်လို့ ​ဒေသခံ​တွေက စိုးရိမ်​တဲ့အတွက်​ အာဏာပိုင်​​တွေ ခေါ်ယူစစ်​​ဆေးခဲ့ပါတယ်​။ ပဲခူးတိုင်း​ဒေသကြီးရှိ ပန်းခြံကုန်း လူငယ်​ပရဟိတ​ကျောင်းက ဆရာ​တော်​တပါးနဲ့ ​စေတနာ အလင်း​ရောင် ပရဟိတအဖွဲ့က ကလေးငယ်တွေကို မေလ ၂၀ ရက်​က လာ​ရောက်​​ခေါ်ယူခဲ့တာပါ​။



ဆီဆိုင်​မြို့ အောင်​ချမ်းသာရပ်​ကွက်​ အုပ်​ချုပ်​​ရေးမှူး ဦးစံဝင်း​မောင်​က “ပရဟိတအဖွဲ့ကို သက်​​သေအ​ထောက်​အထား​တွေ မေးတာ မပြနိုင်​ဘူး၊ ​ဆရာ​တော်​လည်း သာသနာ​ရေးသက်​​သေ မပြနိုင်​ဘူး။ အဲဒါနဲ့ ဝန်​ခံကတိထိုးခိုင်းတာ မထိုးချင်​​သေးဘူး၊ မထိုးရင်​ က​လေး​ခေါ်ခွင့် မပြုဘူး​ပြောမှ ​စေတနာအလင်း​ရောင် ပရဟိတအဖွဲ့က မငြိမ်းဝင့်​သူက ဝန်​ခံကတိလက်​မှတ်​ထိုးတာ” လို့ ပြောပါတယ်​။

အဲဒီလို လာေ​ရာက်​​ခေါ်ယူတာကို က​လေးမိဘ​တွေကလည်း ​သ​ဘောတူပေမယ့် ပရဟိတဆိုပြီး က​လေး​တွေကို အလွဲသုံးစား ပြုလုပ်​မှာကို ​ဒေသခံ​တွေက စိုးရိမ်​​နေကြပါတယ်​။

ရှမ်းပြည်​နယ် လူမှုဝန်​ထမ်းဦးစီးဌာန ညွှန်​ကြား​ရေးမှူး ဦးထွန်းဦးက “သူတို့​ခေါ်မယ်​ဆိုလည်း ကျနော်တို့ကို အသိမ​ပေးဘူး၊ ပရဟိတဆိုပြီး လိမ်​သွားတာ​တွေ တပုံကြီး၊ ဥပ​ဒေနဲ့လည်းမညီဘူး၊ ဘုန်းကြီးဆို သာသနာရေး အ​ထောက်​အထား လိုတယ်​” လို့ ပြောပါတယ်​။

အခု​ခေါ်ယူတဲ့ က​လေး​တွေထဲမှာ အသက် ၂ နှစ်​၊ ၃ နှစ်အရွယ်ကလေး အပါအဝင်​ ဆီဆိုင်​မြို့နယ်​ရှိ ​ကောင်​ဝိန်းကြီးရွာက ၃၉ ဦး၊ ​တောင်းတပ်​ရွာက ၁၂ ဦး၊ လွယ်​ခရယ်​ရွာက ၆ ဦး၊ ဆိုက်​​ခေါင်​ရွာက ၁ ဦး၊ မဲ​ဘောင်​ရွာက ၁ ဦး၊ ပင်​ငို(၁) ​ပေါင်းရွာက ၆၀ ဦးတို့ကို ဒို့ညီ​နောင်​ Express ကားနဲ့ လာ​ရောက်​​ခေါ်​ဆောင်​တာပါ။

ပန်းခြံကုန်း လူငယ်​ပရဟိတ​ကျောင်းဟာ ပဲခူး ​ရွှေမု​ဌောဘုရား အ​ရှေ့ဘက်​မှာရှိပြီး ကျောင်းသား ၂၀၀ ​လောက်​ကို ထိန်းသိမ်းစောင့်ရှောက်ထားတာလို့ ပဲခူး​ဒေသခံတဦးက ပြောပါတယ်။

“အရင်​နှစ်​ ကျောင်းသား​ဟောင်း​တွေ မိဘထံပြန်​သွား​တော့ ဘုန်းကြီးက ပြန်​သွား​ခေါ်တာပါ၊ အသစ် လေးငါး​ယောက်​ပဲ ပါမယ်။ စေတနာအလင်း​ရောင် ပရဟိတက အဲ​ဒီကျောင်းမှာ​ ဆေးကု​ပေး​နေတာ သူတို့ အဲလိုရှင်းပြဖို့ လိုတယ်” လို့ ပြောပါတယ်​။

ဆီဆိုင်​မြို့နယ်​မှာ နှစ်​စဉ် ကျောင်းဖွင့်​ချိန်​မှာ က​လေးတွေကို လာ​ရောက်​​ခေါ်ယူသူတွေ ရှိပြီး တချို့တွေက က​လေးတွေကို ခိုင်းစားကြတာရှိသလို အလှူခံခိုင်းတာတွေလည်း ရှိလို့ ဒုက္ခ​ရောက်​သွားတဲ့ က​လေး​တွေလည်း အများအပြားရှိတယ်​လို့ အမည်​မ​ဖော်​လိုတဲ့ ဆီဆိုင်​​ဒေသခံတဦးက ပြောပါတယ်​။

No comments:

Post a Comment