Wednesday, May 22, 2019

မြစ်ဆုံကိစ္စ ဖြေရှင်းရာတွင် နှစ်ဖက်အကျိုးရှိသည့် နည်းလမ်းကိုရှာဖွေရန် မြန်မာအစိုးရနှင့် သဘောတူညီမှုရရှိထားဟု တရုတ်သံအမတ်ကြီး ပြောဆို

Image may contain: 10 people, people sitting, table and indoorမြစ်ဆုံကိစ္စ ပြေလည်အောင် ဖြေရှင်းရာတွင် နှစ်ဦး နှစ်ဖက်အတွက် အကျိုးရှိသည့်နည်းလမ်းကို ရှာဖွေရန် မြန်မာအစိုးရနှင့် သဘောတူညီမှုရရှိထားကြောင်း မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံအမတ် Mr.Hong Liang က မေ ၂၁ ရက်တွင် ပြောကြားသည်။ြ ပည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ခဲ့သည့် ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည် ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၏ အောင်မြင်မှု များနှင့်
တရုတ်-မြန်မာ နှစ်နိုင်ငံ၏ အနာဂတ်ပူးပေါင်းဆောင် ရွက်မှုဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးဖလှယ်သည့် ပထမ အကြိမ် တရုတ်-မြန်မာ မီဒီယာလက်ဖက်ရည်ဝိုင်း တွေ့ဆုံ ဆွေးနွေးပွဲကို ဒဂုံမြို့နယ် ပြည်လမ်းရှိ တရုတ်သံအမတ်ကြီး နေအိမ်၌ မေ ၂၁ ရက် ညနေ ၃ နာရီတွင် ကျင်းပခဲ့ရာ သတင်း မီဒီယာတစ်ဦး၏ မေးမြန်းမှုအပေါ် တရုတ်သံအမတ် Mr.Hong Liang က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

''မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကိစ္စဆိုရင် ထူးခြား ချက်တွေရှိပါတယ်။ အဲဒါကြောင့် ဒီကိစ္စကို ပြေလည်စွာဖြေ ရှင်းဖို့အတွက် ကျွန်တော်တို့ဘက်ကလည်း မြန်မာအစိုးရနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ပြီး တွေ့ဆုံဆွေးနွေးနေ ပါတယ်။ ကျွန်တော်တို့ နှစ်ဦးနှစ်ဖက်က မြစ်ဆုံရေအား လျှပ်စစ်တည်ဆောက်ဖို့ ပြေလည်စွာ ဖြေရှင်းတဲ့အခါမှာ တရုတ်-မြန်မာနှစ်နိုင်ငံ ရှိရင်းစဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးရေးကို ရှေးရှုပြီးတော့ ဆောင်ရွက်ပေးမယ်လို့ ကျွန်တော်တို့ နှစ်ဦးနှစ်ဖက်သဘောတူညီချက် ရရှိခဲ့ပါတယ်။ ဒီကိစ္စကိုပြေလည်စွာဖြေရှင်းတဲ့အခါမှာလည်း နှစ်ဦးနှစ်ဖက်အတွက် အကျိုးရှိတဲ့နည်းလမ်းကို ရှာဖွေဖို့ သဘောတူညီချက်ရရှိခဲ့ပါတယ်''ဟု တရုတ်သံအမတ်ကြီး Mr.Hong Liang က ပြောဆိုသည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကိစ္စကိုအလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေး ရေးကော်မတီတစ်ရပ်ဖွဲ့စည်းထားပြီး အဆိုပါကော်မတီ၏ အစီရင်ခံစာအဖြေအား မြန်မာနိုင်ငံအစိုးရနှင့် တရုတ်အစိုးရနှစ်ဖက်စလုံးက စောင့်ဆိုင်းနေကြောင်းလည်း တရုတ်သံအမတ်ကြီးက ပြောဆိုသည်။

''ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုကို ရှေးရှုပြီးတော့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးရပ်ကို လိုက်နာပြီး မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပြေလည်စွာ ဖြေရှင်းနိုင်ဖို့အတွက် နှစ်ဦးနှစ်ဖက်ကျေနပ်တဲ့ နည်းလမ်းကို ရှာဖွေနိုင်မယ်လို့
ကျွန်တော် အပြည့်အ၀ယုံကြည်ပါတယ်။ မြစ်ဆုံကိစ္စ ဘယ်အချိန်ဖြေရှင်းနိုင်မယ်ဆိုတာစိတ်ရှည်ရှည်ထားစောင့်ရပါမယ်''ဟု တရုတ်သံအမတ်ကြီးက ပြောဆိုသည်။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းရပ်ဆိုင်းခဲ့သည်မှာ ရှစ်နှစ်ကျော်ကြာခဲ့ပြီး အဆိုပါရှစ်နှစ်ကျော်ကာလအတွင်း တရုတ်နိုင်ငံဘက်မှ သက်ဆိုင်ရာကုမ္ပဏီက စီးပွားရေးနစ်နာ ဆုံးရှုံးမှုအများကြီးဖြစ်ပေါ်ခဲ့ကြောင်း၊ မိမိအအမြင်အရ နိုင်ငံခြားကုမ္ပဏီတစ်ခုခုက မြန်မာနိုင်ငံအတွင်း လာရောက်ရင်းနှီးမြှုပ်နှံရာတွင် တည်ဆဲဥပဒေအရ ရသင့်ရထိုက်သည့်အကျိုးစီးပွားကို ကာကွယ်ပေးရန်လိုကြောင်း တရုတ်သံအမတ်ကြီးက ပြောဆိုသည်။

No comments:

Post a Comment