Wednesday, May 22, 2019

ဂျူဗင်တပ်နည်းပြအဖြစ် မော်ရင်ဟိုကို ခန့်အပ်စေချင်ဟု ရော်နယ်ဒို ပြော

ဂျူဗင်တပ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက အသင်းရဲ့ လစ်လပ်နေတဲ့ နည်းပြရာထူးနေရာအတွက် မော်ရင်ဟိုကို ခန့်အပ်စေချင်တယ်လို့ သိရပါတယ်။ ရော်နယ်ဒိုနဲ့ မော်ရင်ဟိုဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပြီး အမြင့်ဆုံးအောင်မြင်မှုအဖြစ် တရာသီတည်း ဖလားသုံးလုံး ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပေါ်တူဂီနိုင်ငံသားချင်းဖြစ်ပြီး ယုံကြည်မှု အပြည့်အဝ ရရှိထားသူတွေ ဖြစ်တယ်လို့ မီဒီယာတွေက ဖော်ပြကြပါတယ်။



ဒါ့အပြင် ရော်နယ်ဒို ဘောလုံးကွင်းထဲမှာ ဘယ်နေရာကနေ ကစားရမယ်ဆိုတာနဲ့ ပတ်သက်လို့ ငြင်းခုံရတဲ့ အခြေအနေ ဘယ်တော့မှ မရှိခဲ့ဘူးလို့ သိရပါတယ်။

မကြာသေးခင်က ပြုလုပ်တဲ့ အင်တာဗျူးတခုမှာတော့ မော်ရင်ဟိုဟာ ဘယ်တော့မှ အရှုံးပေးတတ်သူတဦး မဟုတ်သလို ဘောလုံးလောကရဲ့ အအောင်မြင်ဆုံးလူတဦး ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

မော်ရင်ဟိုဟာ ဥရောပရဲ့ လိဂ်အတော်များများမှာ အတွေ့အကြုံရှိခဲ့တဲ့ နည်းပြဖြစ်ပြီး အင်တာမီလန်အသင်းနဲ့အတူ စီးရီးအေဖလားနှစ်ကြိမ်၊ ကိုပါအီတလီယာဖလား တကြိမ်၊ စူပါကိုပါအီတလီယာနာဖလား တကြိမ်၊ ချန်ပီယံလိဂ်ဖလား တကြိမ် ရရှိထားပါတယ်။

No comments:

Post a Comment