Wednesday, May 22, 2019

တက္ကဆက်နှင့် မစ္စစ္စပီတောင်ကြားရှိ ပြည်သူများ ဆိုးရွားသည့်ရာသီဥတုနှင့် ရင်ဆိုင်နေရ

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် အလယ်ပိုင်းကနေ မစ္စစ္စပီတောင်ကြားအထိ ပြည်သူတွေဟာ မေလ ၁၉ ရက်နေ့က ဆိုးရွားတဲ့ ရာသီဥတု အခြေအနေနဲ့ ဆက်လက်ကြုံတွေ့နေရပါတယ်။ အဲဒါကတော့ မုန်တိုင်းဝင်တဲ့ မေလ ၁၈ ရက်နဲ့ ၁၉ ရက်နေ့က လေပြင်းတိုက်တာ၊ မိုးသီးကြီးတွေ ကြွေတာနဲ့ လေဆင်နှာမောင်း တိုက်တာတွေ ကြုံတွေ့ရတာပါ။ မေလ ၁၈ ရက် ညကနေ ၁၉ ရက်နေ့အထိ အိုကလားဟိုးမားနဲ့ တက္ကဆက်ပြည်နယ်တွေမှာ လေဆင်နှာ်မောင်း ၁၁ ခုထက်မနည်း တိုက်ခဲ့တယ်လို့ မိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။



တက္ကဆက်ပြည်နယ် ဘာလင်ဂျာမြို့က လေဆင်နှာ်မောင်းကြောင့် လူတယောက် ထိခိုက်ဒဏ်ရာရတယ်လို့ မိုးလေဝသဌာနက ဆိုပါတယ်။

လူဝီစီယားနားပြည်နယ် အီဗန်ဂလင်းနယ်မှာတော့ ပြင်းထန်တဲ့ မိုးကြိုးမုန်တိုင်းတွေကြောင့် နေအိမ်နဲ့ လုပ်ငန်း သုံးပုံတပုံခန့် လျှပ်စစ်မီးပြတ်တောက်ပြီး အဆောက်အဦတွေ ပျက်စီးခဲ့ပါတယ်။

တချိန်တည်းဆိုသလို တောင်ဒါကိုတာ၊ ဝီလ်ကွန်ဆင်နဲ့ မစ်ဇူရီပြည်နယ်တွေ အပါအဝင် အမေရိကန် အနောက်အလယ်ပိုင်း လွင်ပြင်တွေမှာ မေလ ၂၁ ရက်နေ့အထိ မိုးဆက်ရွာမယ်လို့ မျှော်လင့်ရပါတယ်။

No comments:

Post a Comment