Wednesday, May 22, 2019

နယူးဇီလန်တွင် ပထမဆုံးအကြိမ် အကြမ်းဖက်ဥပဒေအသုံးပြုပြီး ခရစ်ချာ့ခ် လူသတ်သမားကို စွဲချက်တင်

မတ်လ ၁၅ ရက်နေ့က နယူးဇီလန်နိုင်ငံ၊ ခရစ်ချာ့ခ်ျမြို့ရှိ ဗလီနှစ်ခုကို စစ်တပ်သုံး သေနတ်များဖြင့် ၀င်ရောက်တိုက်ခိုက်ပြီး ၅၁ ဦးသေဆုံးခဲ့သည့် ပစ်ခတ်မှုတရားခံ ဘရန်တွန်တားရန့်ကို အကြမ်းဖက်ဥပဒေဖြင့် စွဲချက်တင်လိုက်ကြောင်း BBC သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ နယူးဇီလန်နိုင်ငံတွင် လူတစ်ဦးတစ်ယောက်အား တစ်ခါမှ စွဲချက်တင်ခဲ့ဖူးခြင်းမရှိသည့် အကြမ်းဖက်လုပ်ရပ်တွင် ပါဝင်မှုဆိုသည့် ဥပဒေပုဒ်မဖြင့် စွဲချက်တင်ခဲ့ကြောင်း မေ ၂၁ ရက်တွင် နယူးဇီလန် ရဲတပ်ဖွဲ့က ထုတ်ပြန် ကြေညာခဲ့သည်။



ဘရန်တွန်တားရန့်ကို လူသတ်မှုဖြင့် စွဲချက်တင်ထားပြီးဖြစ်သလို လူသတ်ရန် ကြံစည်မှုဖြင့်လည်း စွဲချက် ၄၀ အထိ တင်ထားပြီးဖြစ်ကာ နယူးဇီလန်နိုင်ငံတွင် မသုံးခဲ့ဖူးသည် အကြမ်းဖက်မှုတွင်ပါဝင်ခြင်း (engaging in a terrorist act) ဖြင့် ထပ်မံစွဲချက်တင်ခဲ့ကြောင်း နယူးဇီလန် ရဲတပ်ဖွဲ့က ကြေညာခဲ့ခြင်းဖြစ်သည်။

အဆိုပါသြစတြေးလျသားကို နောက်ထပ် ထပ်တိုးစွဲချက်များတင်ရန် ရဲတပ်ဖွဲ့က သေဆုံးခဲ့ရသူများ၏ မိသားစုဝင်များ၊ လွတ်မြောက်ခဲ့သည့်သူများနှင့် တွေ့ဆုံကာ ဆွေးနွေးမှုများပြုလုပ်နေသည့်အတွက် နောက်ထပ် စွဲချက်သစ်များလည်း ထပ်ထွက်ပေါ်လာဦးမည်ဖြစ်သည်။

ပါရီမိုရီမို မြို့ရှိ အော့ခ်လန်း အကျဉ်းထောင်တွင် ထားရှိသော ဘရန်တွန်တားရန့်ကို အဆိုပါ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် ဖေ့စ်ဘုတ်ခ် Live လွှင့်တင်ခဲ့မှုအတွက် စိတ်ပိုင်းဆိုင်ရာ အခြေအနေ ပုံမှန်ရှိမရှိကိုလည်း ဧပြီလအတွင်းက စစ်ဆေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment