Wednesday, May 22, 2019

ထိုင်းနိုင်ငံတွင် မူလတန်းကျောင်း စာသင်ခန်းထဲအထိ အရှိန်မထိန်းနိုင်ဘဲ ကားတစ်စီး ဝင်တိုက်မှုဖြစ်၊ အသက် ၇၀ ကျော် အဖွားအို တစ်ဦး သေဆုံး

Image may contain: one or more peopleMay 21့ နံနက် (၈) နာရီအချိန်က ထိုင်းနိုင်ငံ ဖက်ချပူး ခရိုင် လုံဆပ် မြို့ နယ်အတွင်းက မူလတန်း ကျောင်းထဲအထိ ၀င်တိုက်ခဲ့တဲ့ကားဖြစ်ပါတယ်။ ကျောင်းဝန်းတံတိုင်းနဲ့  ကျောင်းနံရံနှစ်ထပ်ကို ဖြတ်ပြီး ကလေးစာသင်ခန်းထဲအထိ ရောက်အောင်အ၇ှိန်ပြင်းပြင်းနဲ့  ၀င်တိုက်ခဲ့ပါတယ်။ စာသင်ခန်းအတွင်းက ကျောင်းသား ၂၀ ကျော်ဟာ ကျောင်းရှေ့  ကွင်းပြင်အလံတိုင်မှာ နိုင်ငံတော်သီချင်းဆို အလံအလေးပြုနေကြလို့  အသက်ဘေးက လွတ်မြောက်သွားကြပေမယ့် မြေးဖြစ်သူကို ကျောင်းလိုက်ပို့ တဲ့ အသက်(၇၁) အရွယ် အဖွားအိုကတော့ ကားဝင်တိုက်တဲ့ လမ်းကြောင်းနဲ့ မလွတ်လို့  ဒဏ်ရာပြင်းထန်ပြီး ဆေးရုံမှာ သေဆုံးသွားကြောင်း သိရပါတယ်။

No comments:

Post a Comment