Wednesday, May 22, 2019

မီးပျက်ချိန်များလာသော်လည်း မီတာခပေးရမှု လစဉ်မြင့်တက်

ဧရာဝတီတိုင်း၊ မြောင်းမြမြို့တွင် လစဉ်မီးပျက်ချိန်များလာသော် လည်း မီတာအသုံးပြုခပေးရမှုမှာ မြင့်တက်မှုများဖြစ်ပေါ်နေကြောင်း သတင်းရသည်။ မီးပျက်ချိန်များလာပြီး မီတာအသုံးပြုခပေးချရမှုများလာခြင်းအား သက်ဆိုင်ရာတာဝန်ရှိသူများမှ စိစစ်ဆောင်ရွက်ပေးရန်လိုအပ် ကြောင်း ဒေသခံများကပြောသည်။



“ ကျွန်တော်တို့မြို့မှာ မီးပျက်ချိန်ကများတယ် မီတာခဆောင်ချိန် လျော့ကျသွားတယ်လို့မရှိဘူး၊ လစဉ် မီတာစာရွက်ပေးတိုင်း မီတာ ခကမြင့်တက်လာတယ်၊ အရင်လက ၄၀၀၀ ဆို ခုလမှာ ၄၀၀၀ ကျော် ၅၀၀၀ ဖြစ်သွားတယ်၊ တာဝန်ရှိသူတွေကို စိစစ်ပေးစေချင် ပါတယ်"ဟု မြို့မြမြို့နေထိုင်သူ ဦးခင်ညွန့်က ဧရာဝတီတိုင်းမ်သို့ ပြောသည်။

မြောင်းမြတွင် မီးပျက်ချိန်များပြီး မီတာခပေးဆောင်ရမှု မြင့်တက် လာမှုနှင့်ပတ်သက်၍ မြောင်းမြမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးသို့ မေလ ၂၂ ရက်နေ့တွင် သွားရောက် မေးမြန်ခဲ့ရာ “ ဦးစီးမှူး အပြင်သွားတယ်၊ ဘယ်တော့ ပြန်လာ မယ်ဆိုတာမသိပါဘူး"ဟု လျှပ်စစ်စီမံဌာန၏ တာဝန်ရှိသူ တစ်ဦးမှ ပြန်လည်ဖြေကြားခဲ့သည်။

“ မီးက ခဏခဏပျက်တယ်၊ ပျက်မယ်ဆိုလည်း ကြိုပြီး ကြော်ငြာ တာတွေမလုပ်ဘူး၊ ကြော်ငြာပြန်တော့လည်း အချိန်တွေက ကြော်ငြာထားတဲ့အချိန်နဲ့တလွဲဖြစ်တယ်၊ တစ်လထက်တစ်လပို ဆိုးလာတယ်၊ မပျက်နဲ့လိုမပြောပါဘူး ပျက်ချိန် လာချိန်မှန်ရင် အလုပ်လုပ်ရတယ်သူတွေလည်း အားလုံးအဆင်ပြေတာပေါ့ "ဟု မြောင်းမြ မြို့နေ မမိုးမိုးအေးမှပြောသည်။

လစဉ် မီးပျက်ချိန်များလာပြီ မီတာခတိုးမြှင့်ကောက်ခံနေခြင်းအပေါ် သက်ဆိုင်ရာ တိုင်းအစိုးရအဖွဲ့ဝန်ကြီးနှင့် တာဝန်ရှိသူအဆင့်ဆင့်မှ စိစစ်ကြပ်မတ်ပေးရင်အဆင်ပြေမည့်ဖြစ်ကြောင်း မြောင်းမြမြို့နေပြည်သူများက ပြောဆိုမှုများရှိနေသည်။

နိုင်ငံတစ်ဝှမ်းရှိ တိုင်းနှင့်ပြည်နယ်များတွင် ဖေဖော်ဝါရီလမှစတင်ကာ လျှပ်စစ်ဓာတ်အားမလောက်ငှမှုကြောင့် ၀န်အားလျော့ချသည့်အနေဖြင့် တိုင်းနှင့်ပြည်နယ်များရှိ မြို့နယ်များ တွင် လျှပ်စစ်ဓာတ်အားပေးမှုကို အချိန်ပိုင်း အလှည့်ကျပေးနေခြင်း ဖြစ်သည်။

No comments:

Post a Comment