Wednesday, May 22, 2019

ထိုင်း ဘုရင်၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ရနောင်း အကျဉ်းထောင်မှ မြန်မာ အကျဉ်းသား ၅၀ ကျော် လွတ်မြောက်

ဘုရင်နန်းတက်ပွဲအခါသမယ အထိမ်းအမှတ် တော်ဝင်လွတ်ငြိမ်းသက်သာခွင့်နဲ့ အင်္ဂါနေ့ (မေ ၂၁) မှာ ထိုင်းနိုင်ငံ ရနောင်းအကျဉ်းထောင်မှ မြန်မာ အကျဉ်းသား ၅၉ ဦး လွတ်မြောက်ခဲ့ကြောင်း သိရပါတယ်။ အကျဉ်းသားတွေ လွှတ်ငြိမ်းခွင့်ပေးခြင်း အခမ်းအနားကို ရနောင်းပြည်နယ် အုပ်ချုပ်ရေးမှူး ဂျာတူပေါ့ ပီယမ်ပူတရာက ဦးစီးကာ ပြည်နယ်အဆောက်အအုံတစ်ခုမှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။ ကောင်းမွန်တဲ့ အနေအထိုင် အပြုအမှုတွေ ရှိခဲ့ကြကာ လူကောင်းသူကောင်းတွေအဖြစ် ဘ၀သစ်တွေ ပြန်လည်ဆောက်တည်နိုင်ကြရေး ရည်ရွယ်လို့  မြန်မာ အကျဉ်းသားတွေနဲ့  ထိုင်းအကျဉ်းသားတွေကို ဘုရင့် လွတ်ငြိမ်းခွင့်ပေးလိုက်ပါကြောင်း အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့ပါတယ်။ လွတ်ငြိမ်းခွင့်နဲ့  လွှတ်ပေးခဲ့သူတွေကို ပြင်ပဘ၀တွေမှာ ရပ်တည်ရှင်သန်နိုင်ကြဖို့ အတွက် ပညာသင်ကြားပေးမှုတွေ၊ လေ့ကျင့်ပေးမှုတွေ ကာလတို ပြုလုပ်ပေးခဲ့ကြောင်းလည်း အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့ပါတယ်။

No comments:

Post a Comment