Wednesday, May 22, 2019

အရေးပေါ်အခြေနေရင်ဆိုင်နေရသည်ေ၇ွပြောင်း ကရင်တိုင်းရင်းသားတစ်ဦးအား ထိုင်းနယ်ခြား စောင့်ရဲတပ်ဖွဲ့ က ရဟတ်ယာဉ်နှင့် အနီးဆုံးဆေးရုံ သို့  ပိုဆောင် ကူညီပေး

Image may contain: 2 people, sky and outdoorထိုင်းမြန်မာ နယ်စပ် ကန်ချနဘူရီ သစ်တောအတွင်းနေထိုင်ေ၇ွ့ ပြောင်း ကရင်အမျိုးသားတစ်ဦး ဟာ ကျန်းမာရေးဆိုးရွားနေတာကြောင့် အရေးပေါ်ကုသမှုအချိန်မီဆေးကုသ ပေးနိုင်ဘို့  ထိုင်း ရဟတ်ယာဉ်အကူအညီနဲ့  အနီးဆုံးဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရပါတယ်။ ကန်ချနဘူရီခရိုင်ရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဒေသ ရွှေ့ပြောင်းနေထိုင်နေသူ ကရင်တိုင်းရင်းသားမောင်အေး အသက် ၄၃ နှစ် ဟာ ဗိုက်အောင့်ဝေဒနာ အသဲအသန် ခံစားနေရပြီး အရေးပေါ်ဆေးကုသ မှု လိုအပ်နေတဲ့အတွက် ကျေးရွာသူကြီးက သက်ဆိုင်ရာကိုအကြောင်းကြားခဲ့တာလို့  သိရပါတယ်။


စန်ခလဘူရီဆေးရုံ သူနာပြု၀၀န်ထမ်းတွေ နဲ့  ထိုင်းနယ်ခြားစောင် တပ်ဖွဲ့  အမှတ် ၁၃၄ ပိုင် ရဟတ်ယာဉ်နဲ့  အတူ လူနာရှိရာ လိုက်ဝို့  ကျေးရွာကို သွားရောက် ခဲ့ပါတယ်။

ဆေးတပ်ဖွဲ့ဝင်များလိုက်ပါလာသည့် ရဟတ်ယာဉ်နဲ့  လူနာအားခေါ်ဆောင်သွားခဲ့ပြီး ဆန်ခလဘူရီဆေးရုံသို့ အချိန်မီပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။
ခုလို ထိုင်းပိုင်နက်အတွင်းနေထိုင်နေကြတဲ့ မြန်မာနိုင်ငံသား တိုင်ရင်းသားတွေ အရေးပေါ်အခြေအနေ ရင်ဆိုင်နေရတဲ့အခါတိုင်းမှာ မိမိနိုင်ငံသားမဟုတ်ပေမယ့်
ထိုင်းအာဏာပိုင်တွေက အပြည့်အ၀ ကူညီပေးတာ တွေ့ ရပါတယ်။

No comments:

Post a Comment