Wednesday, May 22, 2019

မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက အမေရိကန်ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒင်ကို ပုတ်ခတ်ပြောကြား

မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက အမေရိကန်ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒင်ကို ပုတ်ခတ်ပြောကြား လိုက်ပါတယ်။ ဂျိုးဘိုင်ဒင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကို ဝေဖန်ခဲ့တဲ့အတွက် မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက အခုလို တုံ့ပြန်လိုက်တာပါ။ ဂျိုးဘိုင်ဒင်က ဖီလာဒဲဖီးယားပြည်နယ်မှာ ပြီးခဲ့တဲ့စနေနေ့က ပြုလုပ်ခဲ့တဲ့ မဲဆွယ်လှုပ်ရှားမှုတစ်ခုအတွင်း အမေရိကန်ဟာ ရုရှားသမ္မတပူတင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့လို အာဏာရှင်တွေကို လက်ခံတဲ့ နိုင်ငံတစ်နိုင်ငံလားဆိုပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒီလိုပြောကြားခဲ့တဲ့အတွက် မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာ ဖြစ်တဲ့ KCNA က ဂျိုးဘိုင်ဒင်ဟာ လူသားတစ်ယောက်မှာရှိသင့်တဲ့ အခြေခံအရည်အချင်းတွေ မရှိဘူးလို့ ပြန်လည် ဝေဖန်ခဲ့ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

No comments:

Post a Comment