Wednesday, May 22, 2019

ဇန်နဝါရီလ ၁ ရက်မှ မေလ ၁၉ ရက်ထိ အရေးယူခဲ့သည့် မိုင်နှုန်းပိုမောင်ယာဉ် ၅၂၀၅ စီးရှိ

ဇန်နဝါရီလ ၁ ရက်မှ မေလ ၁၉ ရက်ထိ အရေးယူခဲ့သည့် မိုင်နှုန်းပိုမောင်ယာဉ် ၅၂၀၅ စီးရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံက သိရသည်။ ၂၀၁၉ ခုနှစ်၊မေလ ၁၈ ရက် ညနေ ၆ နာရီမှ ၁၉ ရက် ညနေ ၅ နာရီအချိန်ထိ ရန်ကုန်-မန္တလေးအမြန်လမ်း (၂၀၁)မိုင် နေပြည်တော်တိုးဂိတ်၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ်၁၃ စီး၊ဖြူးမြို့နယ် ဖြူးတိုးဂိတ်၌ မော်တော်ယာဉ် ၁၄ စီး၊လှည်းကူးမြို့နယ် အမှတ်(၃) လမ်းဆုံတိုးဂိတ်၌မော်တော် ယာဉ်၆ စီး၊ မိတ္ထီလာမြို့နယ် သီးကုန်း တိုးဂိတ်၌မော်တော်ယာဉ်၅ စီး၊
တံတားဦးမြို့နယ် စကားအင်းတိုးဂိတ်၌ မော်တော်ယာဉ် ၅ စီး၊ ဘောနတ်ကြီး မီနီတိုးဂိတ်၌ မော်တော်ယာဉ် ၁စီး၊စုစုပေါင်း ၄၄ စီးဖမ်းဆီးခဲ့ပြီး ယာဉ်စည်း ကမ်းတရားရုံးများသို့ တရားစွဲတင် ပို့သွား မည်ဖြစ်ကြောင်းနှင့် ၂၀၁၉ ဇန်နဝါရီလ ၁ ရက်မှ မေလ ၁၉ ရက်ထိ သတ်မှတ်မိုင်နှုန်းထက် ပိုမို မောင်းနှင်သော ယာဉ် ၅၂၀၅ စီး ဖမ်းဆီးအရေး ယူခဲ့ကြောင်း သိရှိရသည်။

အလားတူ မေလ ၁၈ ရက် ညနေ ၆ နာရီမှ ၁၉ ရက် ညနေ ၅ နာရီအချိန်ထိ ရန်ကုန်-မန္တလေးအမြန်လမ်း တံတားဦးမြို့နယ် စကားအင်းတိုးဂိတ်၌ ထိုင်ခုံခါးပတ်မပတ်ဘဲ မောင်းနှင်သော မော်တော်ယာဉ် ၃ စီးအားဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်းတရားရုံးသို့ တရားစွဲတင်ပို့သွား မည်ဖြစ်ကြောင်း နှင့် ၂၀၁၉ ဇန်နဝါရီလ ၁ ရက်မှ မေ ၁၉ ရက်ထိ ထိုင်ခုံခါးပတ်မပတ်ဘဲ မောင်းနှင်သောမော်တော်ယာဉ် ၇၃ စီး ဖမ်းဆီးအရေးယူ ခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

No comments:

Post a Comment