Wednesday, May 22, 2019

တာဂျစ်ကစ္စတန်မှာ အိုင်အက်စ်အကျဉ်းသားတွေက စခဲ့တဲ့ အကျဉ်းထောင် ဆူပူမှုကြောင့် ၃၂ ဦး သေဆုံး

တာဂျစ်ကစ္စတန်နိုင်ငံရဲ့လုံခြုံရေးမြင့်မားတဲ့ အကျဉ်းထောင်တစ်ခုမှာ အိုင်အက်စ် စစ်သွေးကြွအကျဉ်းသားတွေက စတင်ခဲ့တဲ့ ဆူပူအုံကြွမှုကြောင့် ထောင်လုံခြုံရေး ၃ ဦးနဲ့  အကျဉ်းသား ၂၉ ဦး သေဆုံခဲ့ကြောင်း ဗဟိုအာရှနိုင်ငံရဲ့တရားရေးဝန်ကြီးဌာနက တနင်္လာနေ့ (မေ ၂၀) မှာ ပြောဆိုခဲ့ပါတယ်။



မြို့ တော် ဒူရှန်ဘီအရှေ့ ဘက် ၆ မိုင်ခန့် မှာရှိတဲ့ ဗက်ရှ်ဒတ်မြို့အကျဉ်းထောင်မှာ တနင်္ဂနွေနေ့ ညပိုင်းက ထောင်ဆူပူမှုတွေ စဖြစ်ခဲ့ကာ ဓါးတွေကိုင်ဆောင်ထားတဲ့ စစ်သွေးကြွတွေဟာ ထောင်စောင့် ၃ ဦးနဲ့  အကျဉ်းသား ၅ ဦးကို သတ်ဖြတ်ခဲ့ကြတယ်လို့  ၀န်ကြီးဌာနက ပြောဆိုပါတယ်။ ထောင်ဆူပူမှုတွေဖြစ်အောင် သွေးထိုးမြှောက်ပင့်ပေးခဲ့သူတွေထဲက တစ်ဦးဟာ တာဂျစ် အထူးတပ်ဖွဲ့  ဗိုလ်မှူးကြီးဟောင်းတစ်ဦးဖြစ်တဲ့ ဂူလ်မာရော့ ခါလီမော့ဗ်ရဲ့သား ဘီခါရပ်ဇ် ဂူလ်မာရော့ဖြစ်ကြောင်း ၀န်ကြီးဌာနက ဆိုပါတယ်။ ယင်း ဗိုလ်မှူးကြီးဟာ ၂၀၁၅ ခုနှစ်မှာ အိုင်အက်စ်အဖွဲ့ သို့  ဘက်ပြောင်း သွားခဲ့တာဖြစ်ပြီး ယင်းနောက်ပိုင်း ဆီးရီးယားနိုင်ငံမှာ အသတ်ခံခဲ့ရသူဖြစ်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ တွေက စစ်သွေးကြွအကျဉ်းသား ၂၄ ဦးကို ပစ်သတ်ခဲ့ကာ အကျဉ်းသား ၁၅၀၀ ရှိ အကျဉ်းထောင် စီမံအုပ်ချုပ်မှုကို ပြန်လည် ထိန်းသိမ်းနိုင်ခဲ့ကြောင်း တရားရေးဝန်ကြီးဌာနက ဆက်လက် ပြောဆိုခဲ့ပါတယ်။

အိုင်အက်စ်အဖွဲ့ ဟာ တစ်ချိန်က အီရတ်နဲ့ ဆီးရီးယားမှာ ကျယ်ပြန့် တဲ့ နယ်မြေတကျောကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြပေမယ့် အခုအခါမှာတော့ ၄င်းတို့ ရဲ့အခိုင်အမာနယ်မြေတွေ လက်လွှတ် ခဲ့ရပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက အခြား တာဂျစ်အကျဉ်းထောင်တစ်ခု ဆူပူအုံကြွမှုဖြစ်စဉ်ဟာလည်း ၄င်းတို့ လက်ချက်ဖြစ်ကြောင်းနဲ့  ၂၀၁၈ ဇူလိုင်လက အနောက်နိုင်ငံ ခရီးသွားတွေအပေါ် ပစ်မှတ်ထားတဲ့ အသေအပျောက်ရှိတိုက်ခိုက်မှုကိုလည်း ၄င်းတို့  နောက်လိုက်တွေက လုပ်ခဲ့တာဖြစ်ကြောင်း အိုင်အက်စ်တို့ က ထုတ်ပြန်ခဲ့ပါတယ်။

No comments:

Post a Comment