Wednesday, May 22, 2019

တရုတ်နိုင်ငံအကူအညီဖြင့် အမျိုးသားဇာတ်ရုံ(ရန်ကုန်) ပြုပြင်မည်

တရုတ်နိုင်ငံအကူအညီဖြင့် အမျိုးသားဇာတ်ရုံ(ရန်ကုန်) အား ပြန်လည် ပြုပြင်မွမ်းမံမည်ဖြစ်ကြောင်း သိရသည်။ အမျိုးသားဇာတ်ရုံ (ရန်ကုန်) ပြုပြင်မွမ်းမံခြင်း လုပ်ငန်းစတင်သည့် အထိမ်းအမှတ် အခမ်းအနားကို မေ ၂၁ ရက်က အမျိုးသားဇာတ်ရုံ၌ ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။ တရုတ်-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအတွက် တည်ဆောက်ခဲ့သည့် အထိမ်းအမှတ် အမျိုးသားကဇာတ်ရုံကို ပြန်လည် ပြင်ဆင် မွမ်းမံဖို့အတွက် ဖြစ်ပါကြောင်း၊
ယခုလို ပြန်လည်မွမ်းမံနိုင်ခြင်းသည် တရုတ်-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို များစွာ အထောက်အကူဖြစ်လိမ့်မည်လို့ ယုံကြည်ကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုသည် အရေးကြီးသော ကဏ္ဍတစ်ခုမှာ ရှိသည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် က အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

လာမည့်နှစ်တွင် တရုတ်- မြန်မာ သံတမန်ဆက်ဆံရေးသည် နှစ် ၇၀ ပြည့်မြောက်ပြီဖြစ်ပြီး သံတမန်ဆက်ဆံရေး အကြိုကာလတွင် အမျိုးသားဇာတ်ရုံအား ပြန်လည်ပြင်ဆင်ခွင့်ရသည့်အတွက် တရုတ်သံရုံးအား ကျေးဇူးတင်ကြောင်း လည်း ထည့်သွင်း ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် အမျိုးသားဇာတ်ရုံကြီး ပြန်လည် တိုးတက်ကောင်းမွန်လာပြီး ပြည်သူလူထုအား ဖျော်ဖြေနိုင်သည့် ဇာတ်ရုံကြီးအဖြစ်သာမက တရုတ်-မြန်မာချစ်ကြည်ရင်းနှီးမှု အတွက်လည်း သမိုင်းမှတ်တိုင်တစ်ခုအနေဖြင့် မျှော်လင့်သည် ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောကြားသည်။

အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr.Hong Liang နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment