Wednesday, May 22, 2019

လယ်ယာလုပ်ငန်းသုံး ကျွဲ၊ နွားများရှားပါးလာ၍ နှံစားပြောင်းအစေ့ရရှိနိုင်ရန် ကတ္တရာလမ်းပေါ် မော်တော်ယာဉ်အနင်းခံ ခြွေလှေ့နည်း အသုံးပြုနေကြရ

Image may contain: car, outdoor and natureမကွေးတိုင်းဒေသကြီး မကွေးနှင့် ရေနံချောင်းမြို့နယ်တို့အကြားရှိ ကျေးရွာများတွင် လယ်ယာလုပ်ငန်းသုံး ကျွဲ၊ နွားများရှားပါးလာမှုကြောင့် နှံစားပြောင်းရိတ်သိမ်းချိန် နှံစားပြောင်းစေ့ရရှိရန် ကတ္တရာလမ်းပေါ်ဖြန့် ခင်းကာ ကားအနင်းခံ ခြွေလှေ့နည်းကို အသုံးပြုနေရကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။ လယ်ယာလုပ်ငန်းသုံး ကျွဲ၊ နွားများကို တရုတ်နိုင်ငံသို့တင်ပို့ရောင်းချရန် ဒေသဝန်းကျင်ရှိ ကျေးရွာများသို့ နွားပွဲစားများလာရောက်၍ ဈေးကောင်းပေးဝယ်ယူနေမှုကြောင့် ကျွဲ၊ နွားများရှားပါးလာကာ ယခုကဲ့သို့ အခက်အခဲများကြုံတွေ့နေရခြင်း ဖြစ်သည်။


"ဒီနှစ်ပိုင်းမှာ ပွဲစားတွေ ရွာကိုဆင်းပြီး ခိုင်းနွားတွေလာဝယ်ကြတယ်။ ခိုင်းနွားတစ်ကောင်ကို ကာလပေါက်ဈေးထက်ပိုပေးတော့ ရောင်းလိုက် ကြတာ ခုဆိုရွာမှာခိုင်းနွားတွေ ရှားကုန်ပြီ။ နွားတစ်ကောင်ကို ကျပ် ကိုးသိန်း၊ ကျပ်ဆယ်သိန်းအထိပေးပြီး ဝယ်နေကြတယ်။ ခုနောက်ပိုင်း ရွာထဲမှာ ခိုင်းနွားတွေရှားလာတော့ နွားနဲ့လှည့်မြွေခနိုင်တော့ဘဲ ကား လမ်းပေါ်ဖြန့်ခင်းပြီး ကားအနင်းခံကာ ပြောင်းစေ့တွေကို ပြာတီးယူရတယ်"ဟု မကွေးမြို့နယ် သန်းပင်ကုန်းကျေးရွာနေ မကျော်သူကပြောဆိုသည်။

ယခုကဲ့သို့ နှံစားပြောင်းများ ကတ္တရာလမ်းမပေါ်ဖြန့်ခင်းအနင်းခံမှု ကြောင့် ခရီးသွားယာဉ်များ၊ ဆိုင်ကယ်များမှာ အခက်အခဲဖြစ်ကြပြီး မော်တော်ယာဉ်များထက် ဆိုင်ကယ်စီးနင်းသူများမှာ လမ်းချော်တိမ်း မှောက်နိုင်သဖြင့် ဂရုတစိုက်မောင်းနှင်ရကြောင်း ဆိုင်ကယ်စီးသူများထံမှ သိရသည်။

No comments:

Post a Comment