Wednesday, May 22, 2019

ကျောက်ကြီးတွင် မိုးကြိုးထိမှန်ပြီး လူနှစ်ဦးသေဆုံး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ မေ(၂၀)ရက် ညနေ(၅)နာရီခွဲက မိုးကြိုးထိမှန်ပြီး လူနှစ်ယောက်သေဆုံးခဲ့ပါတယ်။ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတွေတိုက်ခတ်တာကြောင့်လည်း နေအိမ် (၁၅၀)ကျော် အမိုးလန်ပျက်စီးခဲ့ပါတယ်။ေ လပြင်းတွေတိုက်ခတ်ခဲ့တာကြောင့် ပဲခူးရပ်ကွက်၊ သိန်းတန်းရပ်ကွက်၊ မအူပင်ဆိပ်ကျေးရွာအုပ်စု၊ တပ်ကုန်းကျေးရွာအုပ်စု၊ ကျောက်စရစ် ကျေးရွာအုပ်စု၊ ပတ္တလားကျေးရွာအုပ်စု၊ ငထွေစုတ်ကျေးရွာအုပ်စု၊ နောက်ဘိုကျေးရွာအုပ်စု၊ ဒေါင်းမို့ကျေးရွာအုပ်စု၊ နတ်သံကွင်းကျေးရွာ အုပ်စုနဲ့ ဝဲကြီး ကျေးရွာအုပ်စုတို့က နေအိမ်(၁၅၅)လုံး၊ ဘုန်းတော်ကြီး ကျောင်း တစ်ကျောင်း၊ ဘုရားကျောင်း နှစ်ကျောင်း၊ စာသင်ကျောင်း နှစ်ကျောင်းနဲ့ ပါတီရုံး တစ်ရုံးလည်းပျက်စီးခဲ့ပါတယ်။


ဒါ့အပြင် နောင်ဘိုကျေးရွာအုပ်စုက အသက်(၆၂)နှစ်အရွယ် ဒေါ်နော်ကဲ မူးဟာ နေအိမ်မှာထမင်းချက်နေစဉ် မိုးကြိုးစက်ကွင်းမိပြီး သေဆုံးခဲ့သလို နတ်သံကွင်းကျေးရွာအုပ်စု တံခွန်တိုင်ကျေးရွာနေ အသက်(၃၅)အရွယ် ဦးသန်းထွေးမှာလည်း လယ်ထွန်နေစဉ် မိုးကြိုးထိမှန်သေဆုံးခဲ့ပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့တဲ့ နေအိမ်အပျက်အစီးတွေနဲ့ သစ်ပင် ပြိုလဲမှုတွေကို ကျောက်ကြီးမြို့နယ်၊ ယာယီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်နေပြည်သူတွေ ပူးပေါင်းပြီး ရှင်းလင်းရေးဆောင်ရွက် နေတယ်လို့သိရပါတယ်။

No comments:

Post a Comment