Wednesday, May 22, 2019

အင်ဒိုရွေးကောက်ပွဲ မဲရလာဒ် တရားဝင်ကြေညာပြီးနောက် ဂျကာတာတွင် ဖြစ်ပွားသော ရုန်းရင်းဆန်ခတ်မှုများတွင် ၆ ဦးသေဆုံးဟု မြို့တော်အုပ်ချုပ်ရေးမှုးပြော

အင်ဒိုနီးရှားနိုင်ငံ ရွေးကောက်ပွဲ မဲရလာဒ်ကို တရားဝင်ကြေညာပြီးနောက်ပိုင်း အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော် ဂျကာတာ၌ ဖြစ်ပွားသော ရုန်းရင်းဆန်ခတ်မှုများတွင် ၆ ဦးသေဆုံးဟု မြို့တော်အုပ်ချုပ်ရေးမှုး Anies Baswedan ကပြောသည်။ ”ခုအချိန်ထိတော့ လူ ၆ ဦးသေဆုံးတယ်လို့သိရပါတယ်”ဟု သူကပြောကြားကြောင်း အင်ဒိုနီးရှားနိုင်ငံအခြေစိုက် Detik သတင်းဌာနမှ ယနေ့ရေးသားသော သတင်းတစ်ပုဒ်ဝယ် ပါရှိသည်။



”အင်ဒိုနီးရှားစံတော်ချိန် ဒီန့မနက် ၉ နာရီအချိန်အထိ သိရတာကတော့ လူ ၂၀၀ ထက်မနည်း ဒဏ်ရာရရှိပါတယ်”ဟုလည်း မြို့တော်အုပ်ချုပ်ရေးမှူးကပြောသေးသည်။

ပြီးခဲ့သည့်လက ကျင်းပခဲ့သော အင်ဒိုနီးရှားနိုင်ငံရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒို ပြန်လည်အနိုင်ရှိကြောင်း ရွေးကောက်ပွဲကော်မရှင်မှ တရားဝင်ကြေညာပြီးနောက်ပိုင်းဝယ် ရုန်းရင်ဆန်ခတ်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်ကာ လူ ၂၀ မျှကိုဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်က ယနေ့ နံနက်စောစောပိုင်းကပြောသည်။

ဂျကာတာမြို့၏ လမ်းမများပေါ်တွင် ထိုသို့ ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခဲ့သလို ရွေးကောက်ပွဲကော်မရှင် ရုံးရှေ့တွင်လည်း ရဲတပ်ဖွဲ့ဝင်များအား ခဲများဖြင့်ပစ်ပေါက်မှုများဖြစ်ပွားခဲ့ကြောင်း ရိုက်တာသတင်းဌာနမှ မျက်မြင်သက်သေတစ်ဦးကပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁၇ ရက်က ကျင်းပခဲ့သော ရွေးကောက်ပွဲမဲရလာဒ်များတွင် လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒိုက ၅၅.၅ ရာခိုင်နှုန်းရရှိခဲ့ပြီး၊ သူနှင့်ပြိုင်ဖက်ဖြစ်သည့် ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝိုဆူဘီယန်တိုက ၄၄.၅ ရာခိုင်နှုန်းရရှိခဲ့ကြောင့် အင်ဒိုနီးရှားနိုင်ငံ အထွေထွေရွေးကောက်ပွဲကော်မရှင်မှ ယမန်နေ့(မေ ၂၁)က ကြေညာခဲ့သည်။

No comments:

Post a Comment