Wednesday, May 22, 2019

ငါးလအတွင်း နိုင်ငံတစ်ဝန်းလုံး မီးလောင်မှု ၁၁၆၀ ကြိမ် ဖြစ်ပွားခဲ့ပြီး ၅၀ ဦး သေဆုံး

ယခုနှစ် ဇန်နဝါရီလမှ မေ (၇ ရက်အထိ) ငါးလအတွင်း နိုင်ငံတစ်ဝန်းလုံး မီးလောင်ကျွမ်းမှု ၁၁၆၀ ကြိမ် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။ မီးလောင်မှု ဖြစ်စဉ်များအနက် ပေါဆမှုကြောင့် မီးလောင်မှု ဖြစ်စဉ် ၃၈၇ ကြိမ်၊ လျှပ်စစ်ကြောင့် မီးလောင်မှုဖြစ်စဉ် ၃၁၀ ကြိမ်ဖြင့် အများဆုံး ဖြစ်ခဲ့ကြောင်း သိရပြီး မီးဖိုမီးကြောင့် မီးလောင်မှု ဖြစ်စဉ် ၂၂၂ ကြိမ်၊ အလိုအလျောက် လောင်သော မီးမှာ ၂၆ ကြိမ်၊ မသမာသူ ရှို့မီးမှာ ၁၁၇ ကြိမ်၊ တောမီးမှ ၉၅ ကြိမ်၊ သောင်းကျန်းသူ ရှို့မီးမှာ ၁ ကြိမ်၊ မီးလန့်မှု ၁ကြိမ်နှင့် စုံစမ်းဆဲ ၁ ကြိမ် ပါဝင်ခဲ့ကြောင်း သိရသည်။



ငါးလအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် မီးလောင်မှုများမှာ ကချင်ပြည်နယ်တွင် ၅၅ ကြိမ်၊ ကယားပြည်နယ် ၈ ကြိမ်၊ ကရင်ပြည်နယ်တွင် ၁၉ ကြိမ်၊ ချင်းပြည်နယ်တွင် ၁၅ ကြိမ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၂၂ ကြိမ်၊ တနင်္သာရီတိုင်းဒေသကြီး တွင် ၃၇ ကြိမ်၊ နေပြည်တော်တွင် ၅၇ ကြိမ်၊ ပဲခူးတိုင်းဒေသကြီးတွင် ၁၀၈ ကြိမ်၊ မကွေးတိုင်းဒေသကြီးတွင် ၁၄၆ ကြိမ်၊ မန္တလေးတိုင်းဒေသကြီး တွင် ၁၃၅ ကြိမ်၊ မွန်ပြည်နယ်တွင် ၃၂ ကြိမ်၊ ရခိုင်ပြည်နယ်တွင် ၆၃ ကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၃၇ ကြိမ်၊ ရှမ်းပြည်နယ်တွင် ၁၀၇ ကြိမ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၁၁၆ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် ပထဝီ အနေအထားအရ ဒေသအလိုက် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး ငလျင်ဘေး မြေပြိုဘေး၊ မိုးခေါင်ရေရှားဘေး အစရှိသည့် ဘေးအန္တရာယ်များကို ရင်ဆိုင် ကြုံတွေ့လျက် ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် ပထဝီ အနေအထားအရ ဒေသအလိုက် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး ငလျင်ဘေး မြေပြိုဘေး၊ မိုးခေါင်ရေရှားဘေး အစရှိသည့် ဘေးအန္တရာယ်များကို ရင်ဆိုင် ကြုံတွေ့လျက် ရှိကြောင်း ၊ ထို့အပြင် အခြားသော ဓါတုပစ္စည်း၊ ဇီဝပစ္စည်း၊ ရေဒီယိုသတ္တိကြွ ပစ္စည်းများ၏ အန္တရာယ်များလည်း ဖြစ်ပွားလာသည်ကို တွေ့ရမှာဖြစ်ကြောင်း၊ ဟိုတယ်၊ မိုတယ်၊ စက်မှုလုပ်ငန်း၊ အဆောက်အအုံများ စုပေါင်းအိမ်ရာ များလည်း တစ်နေတစ်ခြား တိုးတတ်များလာပြီး လူနေမှုပုံစံများ များပြားလာသည့်အတွက် ပြည်သူများဖြင့် ဘေးအန္တရာယ် အမျိုးမျိုးကိုလည်း ရင်ဆိုင်လာရကြောင်း၊ မေ ၅ ရက်က ရန်ကုန်မြို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်တွင် ပြည်လုပ်သည့် ၇၃ နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက မိန့်ခွန်းပြောကြားရာတွင် ထိုသို့ ထည့်သွင်း ပြောကြားခဲ့သည်။

ငါးလအတွင်း လအလိုက် မီးလောင်ကျွမ်းမှုများမှာ ဇန်နဝါရီတွင် ၁၉၆ ကြိမ်၊ ဖေဖော်ဝါရီလတွင် ၂၆၇ ကြိမ်၊ မတ်တွင် ၃၄၀ ကြိမ်၊ ဧပြီတွင် ၃၀၃ ကြိမ်၊ မေလ (၁ရက်မှ ၇ ရက်အထိ) ၆၄ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ငါးလအတွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုများကြောင့် နိုင်ငံတစ်ဝန်းလုံးရှိ အိမ်ခြေ အဆောက်အအုံ ၁၆၀၀၀ ကျော်၊ စက်ရုံ/အလုပ်ရုံ ၁၆ လုံး၊ ဂိုဒေါင် ၁၇ လုံး မီးလောင် ဆုံးရှုံးခဲ့ပြီး မီးလောင်မှုများကြောင့် ၅၀ ဦး သေဆုံးခဲ့ရကာ ၃၇၀၀ ကျော် မီးဘေးဒုက္ခ ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

No comments:

Post a Comment