Wednesday, May 22, 2019

တာချီလိတ်မြို့တွင် ဟိုတယ်ရှေ့၌ ရပ်ထားသည့် ကားအား ခိုးသွားသူကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိ

Image may contain: 2 people, car and outdoorမြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့၊ ၀မ်ကောင်းရပ်ကွက်အတွင်း ဧရာဝဏ်ဟိုတည်ရှေ့တွင် ရပ်တန့်ထားသည့် မော်တော်ကားတစ်စီး ခိုးခံရမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က နာရီပိုင်းအတွင်း သက်သေခံပစ္စည်းနှင့်အတူ ကားခိုးသူဟုဆိုသူကိုပါ ဖမ်းဆီးရမိကြောင်း သိရသည်။


ဖြစ်စဉ်မှာ ၂၀၁၉ခုနှစ် မေလ(၂၁)ရက်နေ့ ည(၈း၃၅)နာရီဝန်းကျင်အချိန်က တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်အတွင်းရှိ ဧရာဝဏ်ဟိုတည်ရှေ့တွင် ရပ်ထားသည့် ပရိုဘောက် အမျိုးအစား မော်တော်ယာဉ် အဖြူရောင် တစ်စီး ခိုးယူခံရကြောင်း ယာဉ်ပိုင်ရှင်ဖြစ်သူ ကိုဇော်ထွန်းဦးက တာချီလိတ်မြို့မရဲစခန်းသို့ လာရောက်သတင်းပေး တိုင်တန်းသည့်အတွက် တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၂၈၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ - ၃၇၉(ကား)ဖြင့် အမှုဖွင့်လှစ်ထားရှိပြီးနောက် နာရီပိုင်းအတွင်း ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့တို့က လိုက်လံပိတ်ဆို့ စစ်ဆေးမှုများ ဆောင်ရွက်စဉ် ဧဒင်ရွာဘက်မှ တာချီလိတ် - ကျိုင်းတုံကားလမ်းမကြီးဘက်သို့ မောင်းထွက်လာသည့် မော်တော်ယာဉ်အား ပိတ်ဆို့ ဖမ်းဆီးစစ်ဆေးရာက ယာဉ်မောင်းနေရာတွင် စိုင်းလုံရှဲန် မောင်းလာပြီး ပြည့်ဖြိုးအောင်တို့ လိုက်ပါလာသည့် ယာဉ်ကို တားမြစ် စစ်မေးရာက အဆိုပါ ယာဉ်မှာ ဧရာဝဏ်ဟိုတယ်ရှေ့က ခိုးယူခဲ့သည့် ကားဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သည့်အတွက် ဖမ်းဆီးသိမ်းဆည်းခဲ့ကြောင်း သိရသည်။

သက်သေခံပစ္စည်းနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၂၀)နှစ်ရှိ စိုင်းလုံးရှဲန် နှင့် အသက်(၂၆)နှစ်ရှိ ပြည့်ဖြိုးအောင်ဆိုသူတို့အား တာချီလိတ်မြို့မရဲစခန်းသို့ ည(၉)နာရီခွဲဝန်းကျင်တွင် ဖမ်းဆီးခေါ်ဆောင်လာပြီး ဆက်လက်၍ စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment