Wednesday, May 22, 2019

ဩစတြေးလျဒေါ်လာ ၁၀၀၀၀၀ တန် ရွှေတုံး ရွှေတွင်းဒေသတွင် အမျိုးသားတစ်ဦး ရှာဖွေတွေ့ရှိ

Image may contain: foodဩစတြေးလျအမျိုးသားတစ်ဦးသည် အနောက်ပိုင်းဩစတြေးလျ ရွှေတွင်းများရှိရာ ဒေသတွင် လှည့်လည် သွားလာရင်း သတ္တုရှာဖွေရေးကိရိယာ တစ်ခုဖြင့် ၁ ဒသမ ၄ ကီလိုဂရမ်ရှိသော ရွှေတုံးတစ်တုံးကို တူးဖော်ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။ အွန်လိုင်းပေါ်၌ တွင်းထွက်များပုံ ကို မျှဝေသော ကယ်ဇူလိုင်းဒေသရှိ ဈေး ဆိုင်တစ်ဆိုင်သည် ယင်းရွှေတုံးကို ဩစ တြေးလျဒေါ်လာ ၁၀၀၀၀၀တန်သည်ဟု ခန့်မှန်းထားသည်။
Matt Cook ဈေးဆိုင်ပိုင်ရှင် အမည်မသိသော ယင်းအမျိုးသားသည် ဒေသတွင်း ဝါသနာအလျောက် လေ့လာ လိုက်စားမှု အတွေ့အကြုံရှိသူဖြစ်သည်။ အကျိုးအမြတ်အတွက် ရှာဖွေသူများသည် ယင်းပမာဏလောက်ရွှေတုံးမျိုး ကိုတွေ့ရှိခြင်းမှာ တစ်နှစ်တွင် အကြိမ်ရေ အနည်းငယ်မျှသာရှိကြောင်း ကြားသိဖူးသည်။ ဩစတြေးလျ နိုင်ငံအတွင်းရှိ ရွှေမိုင်းတွင်းများ၏ လေးပုံသုံးပုံခန့်သည် ကယ်ဇူလိုင်းဒေသအနီးဝန်းကျင်မှ ထွက်ရှိ ခြင်းဖြစ်ကြောင်း ဘီဘီစီက ထုတ်ပြန်သည်။

No comments:

Post a Comment