Wednesday, May 22, 2019

ဒေါက်တာအေးမောင်တို့အမှု အယူခံတက်ခွင့် ပြည်နယ်တရားလွှတ်တော် ပယ်ချ

နိုင်ငံတော်ပုန်ကန်မှုနှင့် နိုင်ငံတော်အကြည့်အညိုပျက်စေမှု ပုဒ်မများဖြင့် ထောင်ဒဏ်နှစ် ၂၀ စီ ကျခံနေရသည့် ဒေါက်တာ အေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့အမှု အယူခံတက်ခွင့်လျှောက်ထားမှုကို ရခိုင်ပြည်နယ် တရားလွှတ်တော်က ပယ်ချလိုက်သည်။



အဆိုပါအယူခံတက်ခွင့်ရရှိရေးအတွက် မေလ ၂၁ ရက်နေ့တွင် ရခိုင်ပြည်နယ်တရားလွှတ်တော်သို့ ဒေါက်တ်ာအေးမာင်၏ ရှေ့နေများက လျှောက်ထားခဲ့ကြရာ လျှောက်လွှာကိုလက်ခံသင့်၊ မသင့် ကြားနာမှုပြုလုပ်ပြီး ချက်ချင်းပယ်ချလိုက်ခြင်းဖြစ် ကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်ကပြောသည်။

“မနေ့က အယူခံတက်ဖို့အတွက် ရခိုင်ပြည်နယ်တရားလွှတ်တော်မှာ လျှောက်လွှာတင်တာပေါ့။ လျှောက်လွှာကိုလက်ခံ သင့်မသင့် ကြားနာတယ်။ ပြီးတော့ တခါတည်းပယ်ချလိုက်တယ်။ လျှောက်လွှာကိုလက်ခံပြီးတော့ နှစ်ဖက်ရှေ့နေတွေနဲ့ ဥပဒေအရာရှိတွေရဲ့ လျှောက်လဲချက်ပေးတဲ့ အဆင့်ကို ရောက်သင့်ပါတယ်။”ဟု ဦးကျော်ညွန့်မောင်ကပြောသည်။

အဆိုပါအယူခံလျှောက်ထားချက်မှာ ဒေါက်တာအေးမောင်ကို စွဲဆိုခဲ့တဲ့ နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂ ဟာ အပြစ်မပေးသင့်ကြောင်းနှင့် နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) သည်လည်း အမှုမပေါ်ပေါက်တဲ့အတွက် ပြစ်ဒဏ်ကလျှော့ပေါ့ပေးရန် လျှောက်ထားခဲ့တာဖြစ်သည်။

“ဒီလိုမျိုးပယ်ချလိုက်တဲ့အတွက် ဒေါက်တာအေးမောင်အနေနဲ့ နစ်နာမှုတွေရှိတယ်။ ဒါကြောင့် ဒီအပေါ်မှာ ကျွန်တော့် အနေနဲ့ ကျေနပ်မှုမရှိဘူး။ ပြည်ထောင်စုတရားလွှတ်တော်ကို ဆက်ပြီးတော့ အယူခံတက်သွားမှာဖြစ်ပါတယ်။”ဟု ဆက်လက်ပြောကြားခဲ့သည်။

ဒေါက်တာအေးမောင်မှာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ရသေ့တောင်မြို့စာပေဟောပြောပွဲတွင် ပြောကြားခဲ့သည့် ဟောပြောချက်များ၌ ဥပဒေနှင့်ငြိမ့်စွန်းသည့်စကားလုံးများအား သုံးနှုန်းပြောကြားခဲ့သည်ဟုဆိုကာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပုဒ်မသုံးခုဖြင့်တရားစွဲဆိုခဲ့ရာ တစ်နှစ်ကျော်အကြာ တရားရင်ဆိုင်ခဲ့ကြပြီး ပြစ်ဒဏ်နှစ် ၂၀ ကျခံနေရခြင်းဖြစ်သည်။

No comments:

Post a Comment