Friday, June 14, 2019

အိန္ဒိယမှာ ကျင်းပတဲ့ ရုပ်ရှင်ပွဲတော်မှာ ဆုနှစ်ဆုရတဲ့ မုန်းစွဲဇာတ်ကား

မုန်းစွဲရုပ်ရှင်သည် အိန္ဒိယနိုင်ငံ၌ ပြုလုပ်သည့် Calcutta International Cult Film Festival (CICFF) တွင် မေလအတွက် အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုနှင့် ဒါရိုက် တာဆုရရှိခဲ့ကြောင်း ဒါရိုက်တာ သြရသက ပြောသည်။ ‘‘ဒီပြိုင်ပွဲရဲ့သဘောကလ စဉ်ပြုလုပ်တာ။ ၂၀၁၇ ကတစ်လ တစ်ကြိမ်ပြုလုပ်တာ။ မေလမှာ က(၂၉)ကြိမ်မြောက်မှာအကောင်းဆုံး Feature Film ဆုနဲ့ဒါရိုက် တာဆုရတာပါ’’ ဟု ၎င်းကပြော သည်။ ယင်းကဲ့သို့ ဆုရရှိသော ကြောင့် ၂၀၂၀ ဇန်န၀ါရီတွင် ပြုလုပ်မည့် Gloden Fox Awards ပြိုင်ပွဲ၌လည်း ပါဝင်ခွင့်ရရှိ မည်ဖြစ်ပြီး ယင်းပွဲသို့ ၎င်းတို့ကိုယ် တိုင်တက်ရောက်ခွင့်ရရှိမည်ဖြစ် ကြောင်း ဆိုသည်။



‘‘လောလောဆယ်တော့ဆု ရတဲ့အကြောင်းပြန်ပြီး ပိုစတာ တွေမှာ ကပ်လို့ရမယ့်တံဆိပ်တွေ နဲ့ Certificate တွေလှမ်းပို့ပေး တာ။ ပွဲကြီးအတွက်တော့ စာတွေ  အီးမေးလ်တွေသက်သက်လာဦး မှာပေါ့’’ ဟု ဒါရိုက်တာသြရသက ပြောသည်။

မုန်းစွဲရုပ်ရှင်ကို စင်ကာပူ ရုပ်ရှင်ပွဲတော်၊ ဘာလင်ရုပ်ရှင်ပွဲ တော်နှင့် ဘူဆန်ရုပ်ရှင်ပွဲတော် များသို့လည်းပေးပို့ထားကြောင်း ၎င်းကပြောသည်။ ‘‘မြန်မာ့ဓလေ့နဲ့ ဘာသာ တရားကို ပုံဖော်ခွင့်ရခဲ့တဲ့မုန်းစွဲ။  ကျွန်တော့်ဘ၀အတွက် နှစ်ကြိမ် မရှိနိုင်တဲ့မုန်းစွဲ။ ဘယ်နိုင်ငံကချီး မြှင့်တဲ့ဆုဖြစ်ပါစေ...အဲဒီနိုင်ငံက  ရုပ်ရှင်ပညာအကဲဖြတ်အဖွဲ့နဲ့ ပရိသတ်တချို့မုန်းစွဲကို ကြည့် ရှုခံစားဖြစ်ကြတယ်ဆိုရင်ကို မုန်း စွဲအဖွဲ့သားများကိုယ်စားမုန်းစွဲရဲ့ ပဲ့ကိုင်သူဒါရိုက်တာတစ်ယောက် အနေနဲ့ ကျေနပ်ဂုဏ်ယူရပါ တယ်’’ ဟု ဒါရိုက်တာသြရသက မုန်းစွဲရုပ်ရှင်နှင့် ပတ်သက်၍ ခံစားမှုကို ၎င်း၏ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားထား သည်။

No comments:

Post a Comment