Friday, June 14, 2019

အမှတ်စာရင်း ပြန်စစ်ချင်သူတွေကို တစ်ဘာသာ ကျပ် နှစ်သောင်းခွဲနဲ့ စစ်ပေးတယ်

တက္ကသိုလ်ဝင်စာမေးပွဲအမှတ်စာရင်း ရလဒ် ပြန်လည်စိစစ်ပေးဖို့လျှောက်ထားလာတဲ့  Complain Formတွေကို  မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက လက်ခံဆောင်ရွက်ပေးနေပါပြီ။  ဘာသာရပ်ဆိုင်ရာရမှတ်တွေ  မျှော်မှန်းတာထက်လျော့နည်းနေရင်  ပြန်လည်စိစစ်ပေးဖို့  လျောက်ထား နိုင်တယ်လို့  မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ကြေညာထားတာပါ။  ပြီးခဲ့တဲ့နှစ်တွေက အမှတ်စာရင်းထုတ်ပေးပြီး နှစ်ပတ်အကြာမှာ  Complain Formaတွေကို လက်ခံတာဖြစ်ပြီး ဒီနှစ်မှာတော့  အမှတ်စာရင်းထုတ်ပေးတဲ့နေ့ထဲက  လက်ခံဆောင်ရွက်ပေးတာဖြစ်တယ်လို့သိရပါတယ်။



အရင်နှစ်တွေကတော့ အဖြေလွှာပြန်စစ်ခကို  တစ်ဘာသာ ကျပ်ငါးထောင်သာသတ်မှတ်ထားတာဖြစ်ပြီး ဒီနှစ်မှာတော့ တစ်ဘာသာကို  ကျပ်နှစ်သောင်းခွဲအထိ တိုးမြှင့်ထားပါတယ်။

Compain Form တွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးမြင့်ကျော်က အခုလို ပြောပါတယ်။

အဖြေလွှာကို ဘာသာရပ်အလိုက်စာ စစ်မှူး ချုပ်တွေ ဦးဆောင်တဲ့ စာစစ်အဖွဲ့က ပြန်လည်စစ်ဆေးပြီး မူလစစ်ဆေးမှုနဲ့ ကွဲလွဲမှုရှိ၊ မရှိကျောင်းသား ထံအကြောင်း ပြန်တာ ဖြစ်တယ်လို့သိရပါတယ်။

ပြန်စိစစ်ချင်တယ်ဆိုရင် ကျောင်းသားကျောင်းသူနဲ့ မိဘအုပ်ထိန်းသူ ကိုယ်တိုင်လာရောက်ပြီး စစ်ဆေးလိုတဲ့ ဘာသာရပ်အလိုက် တစ်ဘာသာကို  ကျပ်နှစ်သောင်းခွဲပေးသွင်းပြီး လျှောက်လွှာမှာ  အမည်၊စာစစ်ဌာန၊ခုံနံပတ်နဲ့စိစစ်မယ့်ဘာသာရပ်ကို ဖြည့်သွင်းရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က အမှတ်စာရင်းပြန်လည်စိစစ်ဖို့ လျှောက်ထားတဲ့သူ တစ်ထောင်ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။
၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအမှတ်စာရင်းတွေကို  ဇွန်လ(၁၀)ရက်စပြီး ထုတ်ပေးနေတာဖြစ်ပါတယ်။

No comments:

Post a Comment