Sunday, June 9, 2019

လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် ကော့ဘဇားရှိ ဒုက္ခသည်များနှင့်တွေ့ဆုံရန် ဘင်္ဂလားဒေ့ရှ်၏ ခွင့်ပြုချက်မရသေး

ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေး ရေးကော်မရှင်သည် ကော့ဘဇား သို့သွား၍ ဒုက္ခသည်များနှင့် တွေ့ ဆုံရန် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ခွင့်ပြုချက် မရရှိသေးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ပြောသည်။ ကော်မရှင်သည် တစ်ဖက် နိုင်ငံရှိ ဒုက္ခသည်စခန်းများမှ နေ ရပ်စွန့်ခွာသူများနှင့် တွေ့ဆုံနိုင် ရေး လွန်ခဲ့သည့် သုံးလခန့်က တည်းက ကြိုးစားနေခြင်းဖြစ် သည်။
ဒါကာသို့ လာရောက်၍ အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံနိုင်သည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရက အကြောင်းပြန်သော် လည်း ကော့ဘဇားသို့ သွားရောက်နိုင်ရေး ခွင့်ပြုချက် မပေးသေး ခြင်းဖြစ်သည်။ ‘‘နေရပ်စွန့်ခွာသူတွေနဲ့ တွေ့ ပြီးတော့ မှတ်တမ်းယူဖို့ဆိုတော့ အဲဒါကို အကြောင်းမကြားသေး တာ။ ကျွန်တော်တို့လည်း သုံးလ ရှိပြီ။ ဒီလထဲလည်း ထပ်အ ကြောင်းကြားသေးတယ်။ အနည်း ဆုံး သုံးခါရှိပြီ၊ အကြောင်းကြား တာ။ သူတို့ ဘာမှထပ်မလာသေး ဘူး’’ဟု ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ရှင်းပြသည်။

ကော်မရှင်သည် ဘင်္ဂလား ဒေ့ရှ်အစိုးရဝန်ထမ်းများ၊ ဒုက္ခ သည်စခန်းများရှိ နေရပ်စွန့်ခွာသူ များနှင့်တွေ့ဆုံရန် ဘင်္ဂလားဒေ့ရှ် အစိုးရထံ ခွင့်ပြုချက်တောင်းထား ခြင်းဖြစ်သည်။

လက်ရှိတွင် ကော်မရှင်သည်ပြီးခဲ့သည့် မေလဆန်းက (၈)ကြိမ်မြောက် အစည်းအဝေးကို ပြုလုပ်ခဲ့ပြီး နိုင်ငံတော်သမ္မတထံ  ကနဦးအစီရင်ခံစာ တင်သွင်းရန် ပြင်ဆင်နေသည်။

၂၀၁၈ ဇူလိုင် ၃၀ ရက်တွင် စတင်ဖွဲ့စည်းခဲ့သော ကော်မရှင် ၏သက်တမ်းသည် တစ်နှစ်ဖြစ်ပြီး သက်တမ်း တစ်နှစ်ပြည့်ချိန်တွင် နိုင်ငံတော်သမ္မတထံ အပြီးသတ်အစီရင်ခံစာ တင်သွင်းရမည်ဖြစ် သည်။ ကော်မရှင်၏ ပြီးခဲ့သည့် အစည်းအဝေးတွင် အပြီးသတ် အစီရင်ခံစာ အကြမ်းထည်ကို သဘောတူနိုင်ခဲ့ကြောင်း သတင်း ထုတ်ပြန်ထားသည်။ ဖိလစ်ပိုင် ဒုတိယနိုင်ငံခြား ရေးဝန်ကြီးဟောင်း မစ္စစ်ရိုဆာရီယိုမယ်နာလို ဦးဆောင်သည့်ကော်မရှင်တွင် ဂျပန်သံအမတ်ကြီးဟောင်း မစ္စတာကင်ဇိုအိုရှီးမား၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌဟောင်း ဦးမြသိန်းနှင့် ပါမောက္ခဒေါက်တာ အောင်ထွန်းသက်တို့က အဖွဲ့ဝင် အဖြစ် ပါဝင်သည်။

No comments:

Post a Comment