Sunday, June 9, 2019

တိုက်ကြီးတွင် တောဆင်ရိုင်းများ ၀င်ရောက်ဖျက်ဆီး

ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်မှာ တောဆင်ရိုင်းတွေ ဝင်ရောက်ဖျက်ဆီးတာကြောင့် နေအိမ် ၂ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ ဇွန်လ ၈ ရက်နေ့ ညနေ ၄ နာရီခွဲက တိုက်ကြီးမြို့နယ်၊ ကွမ်းသီးမြောင်ကျေးရွာရဲ့ အရှေ့ဘက် ၂ မိုင်လောက်အကွာ မာဂရီသစ်တောကြိုးဝိုင်းအတွင်း တောဆင်ရိုင်း ၃ ကောင် ၀င်ရောက်ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၂ လုံးက သွပ်ကာနံရံတွေ ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် တောဆင်ရိုင်းတွေဟာ နေအိမ်အတွင်းက ဆန်အိတ် ၂ အိတ်ကိုလည်း စားသောက်ခဲ့ပြီးနောက် ပဲခူးရိုးမတောအတွင်း ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

No comments:

Post a Comment