Sunday, June 9, 2019

မယ်ခွေ၏ လက်ဆောင် ကဗျာကိစ္စ ကဗျာဆရာသမဂ္ဂ ကျေနပ်မှုမရှိ

အဋ္ဌမတန်းသင်ရိုးက မယ်ခွေရဲ့ လက်ဆောင်ကဗျာကိစ္စနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေရဲ့ အကြောင်းမဲ့ စွပ်စွဲလုပ်ကိုင်တာတွေကို ကျေနပ်မှု မရှိဘူးလို့ မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂမှ နာယက ကဗျာဆရာ သစ္စာနီကပြောကြားပါတယ်။မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂမှ ကြီးမှူး စီစဉ်တဲ့ ဒဂုံတာရာ နှစ်(၁ဝဝ)ပြည့် ဂုဏ်ပြုအထိမ်းအမှတ် နဲ့ Poerty Evening (1)လို့အမည် ပေးထားတဲ့ ကဗျာရွတ်ဆိုပွဲမှာ ကဗျာဆရာ သစ္စာနီက ပြောကြားခဲ့တာပါ။



“ ဒီကဗျာကိုဖတ်ပြီး ကလေးတွေ အဆိပ်အထောက်ဖြစ်နိုင်တယ်၊ ဆေးလိပ်သောက်ဖို့ တိုက်တွန်းလှုံဆောင်ရာရောက်တယ်ဆိုပြီး ဖြုတ်ဖြစ် တယ်ဆိုတာကို ကျွန်တော်တို့က အဲဒါကို မကျေနပ်တာ” လို့ ကဗျာဆရာသစ္စာနီက ပြောကြားခဲ့တာပါ။

နေရာဌာန အသီးသီးမှာ တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်အသီးသီးအနေနဲ ပြဿနာ တစ်ခုကြုံလာခဲ့ရင် အတွေးအခေါ် ဆင်ဆင်ခြင်ခြင်နဲ့ ဆုံးဖြတ်နိုင်ဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။ အဲဒီကဗျာရွတ်ဖတ်ပွဲကို ဇွန်လ(၈)ရက် ညနေပိုင်းက ရန်ကုန်မြို့ရှိ မဟာဗန္ဓုလပန်းခြံမှာ ပြုလုပ်ခဲ့ပါတယ်။

မယ်ခွေရဲ့ လက်ဆောင်ကဗျာကိစ္စကို အတုယူပြီး နောင် ကိစ္စရပ်တိုင်းမှာ တွေးခေါ်ဆင်ခြင်မှုနဲ့ လုပ်ဆောင်သင့်တယ်လို့ ကဗျာဆရာသစ္စာနီက ပြောပါတယ်။

အဋ္ဌမတန်းမြန်မာစာ သင်ရိုးညျွန်းတမ်းမှာပါတဲ့ မယ်ခွေ၏လက်ဆောင် ကဗျာဟာ လူငယ်တွေ ဆေးလိပ်သောက်သုံးမှုရှိလာနိုင်တယ်ဆိုပြီး အဲ့ကဗျာကို ဖြုတ်ဖို့အတွက် ပါမောက္ခ ဆရာဝန် အမျိုးသမီးတစ်ဦးက အကြံပြုတင်ပြခဲ့တာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေး မှူးချုပ် ဦးဇော်ဌေးက ဇွန်လ ၇ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။ အဲဒီလို အကြံပြု ခဲ့သူဟာ မီရုပ်ရှင်ဇာတ်ကားက ဇာတ်ဝင်ခန်းမှာ ဆေးလိပ်သောက်သုံးမှု အပေါ်ကိုလည်း ဝေဖန်ကန့်ကွက်ခဲ့သူလဲဖြစ်တယ်လို့သိရပါတယ်။

No comments:

Post a Comment