Sunday, June 9, 2019

အသိအမှတ်ပြုမှုမရှိသည့် တက္ကသိုလ်နှစ်ခုနှင့် ရာထူးဝန်အဖွဲ့ ပူးပေါင်းမှု အဂတိရှိ၊ မရှိ စစ်ဆေးပေးရန် ကော်မရှင်ထံတိုင်ကြား

 သက်ဆိုင်ရာနိုင်ငံများက အသိအမှတ်ပြုမထားသည့် ပြည်ပတက္ကသိုလ်နှစ်ခုနှင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခြင်းသည် အဂတိလိုက်စား မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးပေးရန် ကိုနေယံဦးက ဇွန်လ၅ရက်တွင် နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးသို့ လိပ်မူတိုင်ကြားသည်။ြ ပည်ထောင်စုရာထူးဝန်အ ဖွဲ့သည် အမေရိကန်ပြည်ထောင် စု ဟာဝိုင်အီရှိ Akamai Univer-sity နှင့် မလေးရှားနိုင်ငံရှိ EDS Business School တို့နှင့် ပူးပေါင်းဆောင်ရွက်သည့် ဖြစ်စဉ်တွင် အကျိုးစီးပွားဆက်နွှယ်မှု၊ အကျင့် ပျက်ခြစားမှုများ ရှိ၊ မရှိ စစ်ဆေး ပေးရန် အဂတိတိုက်ဖျက်ရေး ကော်မရှင်ထံ အောက်စ်ဖို့ဒ်တက္က သိုလ် Blavatnik School of Government ၌ ပြည်သူ့ရေးရာ မူဝါဒ မဟာဘွဲ့လေ့လာနေသူ ကိုနေယံဦးက တိုင်ကြားသည်။
၂၀၁၈ နှစ်ကုန်တွင် ကိုနေ ယံဦးက ပြည်ထောင်စုရာထူးဝန် အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေ သော အထက်ပါ ပြည်ပတက္က သိုလ်နှစ်ခုသည် သက်ဆိုင်ရာ နိုင်ငံများက အသိအမှတ်ပြုထား ခြင်းမရှိကြောင်း ၎င်း၏ ဖေ့စ် ဘွတ်ခ်လူမှုကွန်ရက်မှတစ်ဆင့် ဖော်ထုတ်ရေးသားခဲ့သည်။

ယင်းသို့ ရေးသားဖော်ပြပြီး နောက်တွင် ပြည်ထောင်စုရာထူး ဝန်အဖွဲ့နှင့် ပြည်ပတက္ကသိုလ်နှစ် ခုတို့ ပူးပေါင်းဆောင်ရွက်မှုကို ဇန်နဝါရီ ၄ ရက်က စတင်ရပ်ဆိုင်း ခဲ့ကြောင်း သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ဇန်နဝါရီ ၇ ရက်တွင် သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲ၌ အတည် ပြုပြောကြားသည်။

 ‘‘အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်ကလည်း ကျွန်တော့်တိုင်စာကို အရေးတယူ ဆောင်ရွက်ပြီး တရားဥပဒေနဲ့ အညီ ရာထူးဝန်အဖွဲ့ကို စုံစမ်းစစ် ဆေးပေးသွားဖို့ကို မျှော်လင့်ပါ တယ်’’ဟု ကိုနေယံဦးက ယမန် နေ့တွင် လူမှုကွန်ရက်၌ ရေးသား ထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီတွင် အထက်ပါ အကြောင်းအရာကို သမ္မတရုံးနှင့် အတိုင်ပင်ခံရုံးတို့ထံ တိုင်ကြားစာပေးပို့သော်လည်း ထူးခြားမှုမရှိသဖြင့် အဂတိလိုက် စားမှုကော်မရှင်ထံ တိုင်ကြားရ ခြင်းဖြစ်ကြောင်း ကိုနေယံဦးက ရှင်းပြသည်။ သမ္မတရုံးနှင့် အတိုင်ပင်ခံရုံးတို့ထံ တိုင်ကြားစဉ်က ပြန် ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် နှင့် ပူးပေါင်းလက်မှတ်ရေးထိုး တိုင်ကြားခဲ့သည်။

ပြည်ထောင်စုရာထူးဝန်အ ဖွဲ့သည် အထက်ပါတက္ကသိုလ်နှစ် ခုနှင့် မည်သည့်အတွက်ကြောင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ခဲ့ သနည်း။ အစိုးရက သတ်မှတ် ထားသည့် လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆောင်ရွက်ခြင်း ရှိ၊ မရှိ ကိုနေယံဦးက တိုင်ကြားစာ၌ မေး ခွန်းထုတ်ထားသည်။

ထို့အပြင် ယင်းနှစ်ကျောင်း နှင့် ပတ်သက်၍ အစိုးရနှင့် ပြည် သူများကို တိကျမှန်ကန်သည့် သတင်းအချက်အလက်များ တင် ပြခြင်း ရှိ၊ မရှိနှင့် ကျောင်းများ အကြောင်းကို အင်တာနက်တွင် အလွယ်တကူရှာဖွေနိုင်သည့် အ ထောက်အထားများ လေ့လာ စိစစ်သုံးသပ်ခဲ့ခြင်း ရှိ၊ မရှိကို လည်း ဆက်လက်မေးခွန်းထုတ် ထားသည်။

ယင်းကျောင်းများအတွက် နိုင်ငံတော်ဘဏ္ဍာငွေ မည်မျှ တောင်းခံပြီး မည်မျှထုတ်ယူသုံးစွဲ ခဲ့သနည်းနှင့် သုံးစွဲခဲ့မှုသည် မည် သူ၊ မည်သည့်အဖွဲ့အစည်းတွင် တာဝန်ရှိသနည်းဟု တိုင်စာ၌ မေးခွန်းထုတ်ထားသည်။ ယင်းနောက် အဆိုပါ ပူး ပေါင်းဆောင်ရွက်မှုက နိုင်ငံ့ ဘဏ္ဍာဆုံးရှုံးမှုအခြေအနေများ ကို ကျယ်ပြန့်စွာ စုံစမ်းစစ်ဆေး ပေးရန်နှင့် အဂတိလိုက်စားမှုများ စစ်ဆေးတွေ့ရှိပါက ဥပဒေနှင့်အ ညီ ထိရောက်စွာအရေးယူရန် ကိုနေယံဦးက တိုင်စာမှတစ်ဆင့် တောင်းဆိုထားသည်။

No comments:

Post a Comment