Sunday, June 9, 2019

NCA လက်မှတ်ထိုး ၁၀ ဖွဲ့၏ အစည်းအဝေး ထိုင်းအာဏာပိုင်များကန့်ကွက်၍ ကျင်းပခွင့်မရ KNU အဆိုပြုသည့် PPCM ဖွဲ့စည်းရေးကိစ္စ ဆွေးနွေးမည့်နေ့တွင် ကန့်ကွက်ခံရ

ချင်းမိုင်မြို့၌ ပြုလုပ်မည့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ကိုယ်စားလှယ်များ၏ အစည်း အဝေးကို ထိုင်းနိုင်ငံအာဏာပိုင် များက ကန့်ကွက်၍ အစည်းအဝေးပျက် ကြောင်း ကရင်အမျိုးသားအစည်း အရုံး (KNU) အထွေထွေအတွင်း ရေး မှူးပဒိုစောတာဒိုမူးက ပြော ကြားသည်။ NCA လက်မှတ်ထိုးပြီးသည့် သုံးနှစ်ကျော်ကာလအတွင်း အ ပစ်ရပ်အဖွဲ့များ၏ အစည်းအ ဝေးကို ပထမဆုံးကန့်ကွက် ခံရခြင်းဖြစ်ကြောင်း၊ မြန်မာ အစိုးရဘက်မှ ပိတ်ခိုင်း၍ကန့် ကွက်ရခြင်းဖြစ်သည်ဟု ထိုင်းအာ ဏာပိုင်ဘက်က ပြောကြား ကြောင်း ၎င်းကဆိုသည်။



‘‘PPCM ဆိုတဲ့တိုင်းရင်း သားအကြားမှာ ပူးပေါင်းဆောင် ရွက်မှုဆိုတဲ့ အခြေခံတစ်ခုကို ဆွေးနွေးဖို့က မဆွေးနွေးဖြစ်ဘူးဗျ။ အဲဒါကဒီလိုပါ၊ ကျွန်တော်တို့ဒီ ဘက်က ထိုင်းနိုင်ငံကတာဝန်ရှိ တဲ့ ပုဂ္ဂိုလ်တွေက ကျွန်တော်တို့ကို လာပြီး အကြောင်းကြားတယ် လေ။ အစိုးရ (မြန်မာ) ဘက်က နေပြီးတော့ ကျွန်တော်တို့ လုပ်တဲ့ အစည်းအဝေးဟာ လက်မှတ် မထိုးတဲ့အဖွဲ့တွေလည်းပါတယ်။ ထိုးတဲ့အဖွဲ့၊မထိုးတဲ့ အဖွဲ့ရော ပြီးတော့ ဆွေးနွေးမှာဖြစ်တဲ့ အတွက်ကြောင့် ပိတ်ပေးပါဆိုပြီး  ပြောတယ်တဲ့။ အဲဒါကြောင့် ကျွန် တော်တို့ အစည်းအဝေးလုပ်လို့ မရလို့ အကုန်လုံးပြန်ကြပြီ’’ ဟု ပဒိုစောတာဒိုမူးက ပြောသည်။

ယခုအစည်းအဝေး မတိုင်မီ အပစ်ရပ် ၁၀ ဖွဲ့သည် ထိုင်း နိုင်ငံချင်းမိုင်၌ ဇွန်လ ၅ ရက်မှ ၇ ရက်ထိသုံးရက်ဆက်တိုက် အ စည်းအဝေးကျင်းပခဲ့သည်။ ယင်း အစည်းအဝေးသည် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် ရပ်တန့်နေမှု အပေါ်အစိုးရနှင့် အဖြေရှာဆွေး နွေးနိုင်ရေး အပစ်ရပ် ၁၀ ဖွဲ့ အကြား ဘုံသဘောတူညီချက်ရ ယူသည့် ဆွေးနွေးပွဲဖြစ်သည်။

ယင်းအစည်းအဝေးအပြီး တွင် NCA လက်မှတ်ထိုးအဖွဲ့ များနှင့် NCA မထိုးရသေးသည့် အဖွဲ့များ ပါဝင်နိုင်မည့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် အတိုင်ပင်ခံ အစည်းအဝေး (PPCM) စုဖွဲ့မှု အသစ်ပြုလုပ်ရန် သင့်၊ မသင့်သုံး သပ်ဆွေးနွေးရန် ဇွန်လ ၈ ရက်မှ ၉ရက်အထိ အစည်းအဝေးဆက် လက်ပြုလုပ်ရန် အပစ်ရပ် ၁၀ ဖွဲ့က စီစဉ်ထားသည်။ အဆိုပါ PPCM ဖွဲ့စည်းရေးကို KNU ကပြီးခဲ့သည့် မေလ၌ကျင်းပ ခဲ့သော NCA လက်မှတ်ထိုး ၁၀ ဖွဲ့ ထိပ်သီးခေါင်းဆောင်များ ညီလာခံတွင် တင်ပြခဲ့ခြင်း ကြောင့် တစ်ဖွဲ့လျှင်တစ်ဦးစီပါဝင် သော အလုပ်အဖွဲ့က ယခုကဲ့သို့ သုံးသပ်ဆွေးနွေးရန် စီစဉ်ရာ ထိုင်းအာဏာပိုင်များက ကန့် ကွက်ခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွင် အားလုံးပါဝင်ရေးဆောင် ရွက်ရန် လိုအပ်၍ NCA လက် မှတ်ထိုးအဖွဲ့နှင့် မထိုးသည့်အဖွဲ့ တွေ့ဆုံခြင်းကိစ္စအပေါ် တားမြစ် ရန်မသင့်ကြောင်း၊ တိုင်းရင်းသား များအကြားစုဖွဲ့မှုကိစ္စ ဆောင် ရွက်ရန်အစည်းအဝေးကို နောက် တစ်ကြိမ်ပြန်လည်ကျင်းပမည် ဖြစ်ကြောင်း ပဒိုစောတာဒိုမူးက ပြောသည်။

‘‘ဒီလိုပိတ်ပင်တဲ့ ပုံစံမျိုးဖြစ် တဲ့ဟာက ငြိမ်းချမ်းရေးလုပ်ငန်း စဉ်အပေါ် အမှန်တကယ် သန္နိ ဋ္ဌာန်ချထားခြင်းအပေါ်မှာတော့ အကျိုးသက်ရောက်မှုများ တစ်ခု ခုများ ရှိမလားပေါ့။ အဲဒီလိုတော့ မဖြစ်စေချင်ဘူးပေါ့ဗျ’’ ဟု ၎င်း က ဆိုသည်။

ယခုကဲ့သို့  အပစ်ရပ် ၁၀  ဖွဲ့၏ အလုပ်အဖွဲ့အစည်းအဝေးကိုပိတ်ပင်ခဲ့သော်လည်း PPCM စုဖွဲ့မှု ကိစ္စကို သက်ဆိုင်ရာအဖွဲ့အစည်းခေါင်းဆောင်များအကြားညှိနှိုင်းဆောင်ရွက်ရန် ရှိသည် ဟုလည်း ပဒိုစောတာဒိုမူးက ပြောသည်။ PPCM ဖွဲ့စည်းပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ပါက ပိုမိုအခက်အခဲ ကြုံရနိုင်ကြောင်း ဆွေးနွေးရေး ကိုယ်စားလှယ်အချို့က ပြော ကြားထားသည်။

ယခင်က NCA လက်မှတ် ထိုး ၁၀ ဖွဲ့၏ အစည်းအဝေးကို ထိုင်းအာဏာပိုင်ဘက်က ပိတ် ပင်ခြင်းမရှိခဲ့သော်လည်း ရှမ်း လက်နက်ကိုင်အဖွဲ့များ၊ ရှမ်း ပါတီများ စုပေါင်းဖွဲ့စည်းထား သည့် ရှမ်းပြည်ညီညွတ်ရေးပါတီ (CSSU) အစည်းအဝေးကိုမူ ယခုကဲ့သို့ ပိတ်ပင်၍ အစည်း အဝေး ပျက်ခဲ့ဖူးသည်။ ထိုစဉ်က မြန်မာ့တပ်မတော်ဘက်မှ ပိတ် ပင်ခိုင်း၍ ထိုင်းအာဏာပိုင်များက ပိတ်ရခြင်းဖြစ်ကြောင်း CSSU ဘက်က ပြောဆိုထားသည်။ ယခု အပစ်ရပ် ၁၀ ဖွဲ့၏ အစည်းအဝေးကို မြန်မာအစိုးရ (သို့မဟုတ်) တပ်မတော် မည် သည့်ဘက်က ပိတ်ပင်ခိုင်းသည် ဆိုသည့် ကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းရန် အစိုးရငြိမ်းချမ်းရေး ဆွေးနွေးရေးကိုယ်စားလှယ် အ ချို့နှင့် တပ်မတော်ပြောရေးဆို ခွင့်ရှိသူတို့ထံ ဆက်သွယ်ရာအ ဆက်အသွယ်မရပေ။

No comments:

Post a Comment