Sunday, June 9, 2019

နိုင်ငံတကာ နိုင်ပွဲအများဆုံး ကစားသမားအဖြစ် ရာမို့စ်စံချိန်တင်

ဖာရိုကျွန်းစုကို ၄-၁ ဂိုးဖြင့် နိုင်ခဲ့သော ယူရို ၂၀၂၀ ခြေစစ်ပွဲတွင် စပိန်အတွက် ဗွေ ဆော်ဦးဂိုးကို ထောင့်ကန်ဘောမှ တစ်ဆင့် ခေါင်းတိုက်သွင်းယူခဲ့ သော နောက်ခံလူ ရာမို့စ်သည် ဘောလုံးရာဇဝင်တွင် နိုင်ငံတ ကာနိုင်ပွဲအများဆုံးကစားသမား အဖြစ် ကမ္ဘာ့စံချိန်ကို ချိုးဖျက်ခဲ့ သည်။ ရီးရဲလ်နောက်ခံလူသည် ယင်းပွဲတွင် စပိန်အတွက် ဂိုးသွင်း ယူပေးနိုင်သည့်အပြင် စပိန်အ တွက် ၁၆၄ ပွဲပါဝင်ကစားရာတွင် ၁၂၂ ပွဲမြောက်နိုင်ပွဲနှင့်အတူ ကမ္ဘာ့စံချိန်သစ်တင်ခဲ့သည်။



ရာမို့စ်သည် ၎င်းနှင့်တစ် နိုင်ငံတည်းသား ဂိုးသမားကားဆီး လပ်စ်၏ နိုင်ငံတကာနိုင်ပွဲစံချိန် ၁၂၁ ပွဲကို ချိုးဖျက်ကာ စံချိန်သစ် တင်ခဲ့ခြင်းဖြစ်သည်။ ကားဆီး လပ်စ်၏ နောက်တွင်စပိန်မှပင် ကွင်းလယ် လူဇာဗီကပွဲ ၁၀၀ ဖြင့် တတိယ နိုင်ပွဲအများဆုံးအဖြစ် ရပ်တည်နေပြီး ၎င်းနောက်တွင် အင်နီယေစတာက နိုင်ငံတကာ နိုင်ပွဲ ၉၆ ပွဲဖြင့် စတုတ္ထနေရာ၌ ရှိနေသည်။ လောလောဆယ်တွင် ရာ မို့စ်၏ စံချိန်သစ်ကို လိုက်မီနိုင်ခြေ ရှိသူမှာ ပေါ်တူဂီတိုက်စစ်မှူးရော် နယ်ဒိုတစ်ဦးသာရှိပြီး ၎င်းသည် ပေါ်တူဂီအတွက် ၉၂ ပွဲအနိုင်ရ ထားသည်။သို့သော် အသက် (၃၄) နှစ် သို့ ရောက်နေပြီဖြစ်သောဂျူဗင် တပ်တိုက်စစ်မှူးအတွက် အချိန် များစွာ မကျန်တော့ဘဲ ရာမို့စ်က သာ ယင်းစံချန်ကို နှစ်များစွာကြာ အောင် ဆက်ထိန်းထားနိုင်ခြေရှိ နေသည်။

ဖာရိုကျွန်းစုကို နိုင်ပွဲနှင့်အ တူ စပိန်သည် အုပ်စု (F) တွင် သုံးပွဲကစား သုံးပွဲနိုင်ပြီး ထိပ်ဆုံးမှ ဦးဆောင်နေကာ ဆွီဒင်ကိုနှစ်မှတ် ဖြတ်ထားသည်။ စပိန်သည် တနင်္လာနေ့တွင် ဆွီဒင်နှင့်ကစားရမည်ဖြစ်ကာရား မို့စ်၏ စံချန်သည် ၁၂၃ ပွဲသို့ ရောက်လာနိုင်ခြေရှိနေသည်။

No comments:

Post a Comment