Sunday, June 9, 2019

မြန်မာနိုင်ငံသားအဖြစ် ပြန်လည်လျှောက်ထားသူများတွင် ၂၀၀ ကျော် ခွင့်ပြုပေးဟုဆို

 နိုင်ငံရေးလှုပ်ရှား  မှုကြောင့် ပြည်ပသို့တိမ်းရှောင် ရသူများအပါအ၀င် မြန်မာနိုင်ငံ သားဟောင်းများကို နိုင်ငံသား အဖြစ်ပြန်လည်လက်ခံရာ ရှစ်နှစ် အတွင်းလျှောက်ထားသူ ၂၉၇ ဦးအနက် ၂၁၁ ဦးကိုခွင့်ပြု ပေးထားကြောင်း  အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန အချက်အ လက်များအရသိရသည်။

‘‘အရင်တုန်းက အရေးအခင်းမှာ တစ်ခုခုကြောင့် သူ့ဘာသာသူ ဘာမှ နိုင်ငံရေးအရ နိုင်ငံတော် ရော့တစ်ဖက်သားရော မထိခိုက် ဘူး။ လက်ရှိလည်း ဘာမှမဖြစ် ဘူးဆိုရင် ပြဿနာမရှိဘူးလေ။   တစ်ခုခုဒီဘက်က နစ်နာတယ်။  နစ်နာတဲ့သူရှိတယ်။  နိုင်ငံတော် ရဲ့ ဥပဒေအရ သူ့ကိုတရားစွဲဆို  ပြစ်မှုပြစ်ဒဏ်တစ်ခုခုပေးထား တယ်ဆိုရင်တော့ မရဘူး။ အဲဒီ အပြစ်ခံပြီးမှ သူ့ကိုခွင့်ပြုလို့ရမှာ ပေါ့’’ ဟု ယင်းဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးကပြောသည်။ လက်ရှိဒီချုပ်အစိုးရ သက် တမ်းသုံးနှစ်အတွင်းလျှောက်ထား သူ ၁၅၃ ဦးအနက် ၁၁၂ ဦးခွင့် ပြုခဲ့သည်။

၁၉၈၂ မြန်မာနိုင်ငံသား ဥပ ဒေအရ ပြည်ပနိုင်ငံသားအဖြစ်ခံ ယူသူများသည် နိုင်ငံသားအဖြစ် အလိုအလျှောက်ဆုံးရှုံးခဲ့ပြီး မြန် မာနိုင်ငံသို့ ပြန်လာချင်ပါက ဥပ ဒေ  အရ နှစ်နိုင်ငံသားခံယူခွင့်မရှိ၍  မြန်မာနိုင်ငံသားအဖြစ် ပြန်လည် လျှောက်ထားရကြောင်း  အထက် ပါအရာရှိက ပြောသည်။

မြန်မာနိုင်ငံသားများကို ပြန် လည်လက်ခံရေး ကော်မတီတစ် ခုဖွဲ့စည်းထားရှိပြီး   ယင်းကော် မတီထံသို့ လျှောက်ထားချက် မိတ္တူချပေးပြီး ၎င်းသည် ပြစ်မှု ပြစ်ဒဏ်ရှိ၊ မရှိစသည့်အကြောင်း အရာများစိစစ်၍ ပြန်လည်တင် ပြကာခွင့်ပြုပေးကြောင်း အ ထက်ပါအရာရှိက ပြောသည်။ ‘‘မြန်မာနိုင်ငံသားခံယူခွင့် ပြုတယ်ဆိုတော့မှ သူ့ရဲ့တစ်ဖက် နိုင်ငံက နိုင်ငံသားကို စွန့်လွှတ်တဲ့ ဟာလုပ်မယ်။ ထုတ်ထားတဲ့သူတို့ တခြားနိုင်ငံသားအထောက်အ ထားတွေအပ်မယ်’’ ဟု ၎င်းကဆို သည်။ လျှောက်ထားသူအများစု သည် မြန်မာနိုင်ငံ၌ ပြန်လည်  အခြေချချင်သူများ၊ ဆွေမျိုးများ ထံ လာချင်သူများဖြစ်ကြောင်း ယင်းအဆင့်မြင့်အရာရှိက ရှင်းပြ သည်။

မြန်မာနိုင်ငံသားဟောင်း များအနက် ပြည်ပနိုင်ငံများမှ အ ထောက်အပံ့နှင့် ရပိုင်ခွင့်ရရှိ များသူတို့ မြန်မာနိုင်ငံသား  များအဖြစ် ပြန်လည်မလျှောက် တော့ဘဲ  မြန်မာနိုင်ငံ၌ နိုင်ငံသား   အမြဲနေထိုင်ခွင့် PR  လျှောက် ထားမှု များလာကြောင်း၎င်းကဆို သည်။ နိုင်ငံသား ဟောင်းများကို မြန်မာနိုင်ငံသားအဖြစ် ပြန်လည် ခွင့်ပြုရေး ၂၀၁၂ ကစတင် ဆောင်ရွက်နေသည်။

No comments:

Post a Comment