Sunday, June 9, 2019

ရာသီဥတုတက်ကြွ လှုပ်ရှားသူ ဆယ်ကျော်သက် ဂရီတာ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့်ဆု ရရှိ

မေ ၂၈ ရက်တွင် ဗီယင်နာ၌ တက်ကြွ လှုပ်ရှားသူ ဂရီတာ၊  ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်ကို တွေ့ရစဉ် (Photo: AFP)တစ်ကမ္ဘာလုံးပူနွေးလာမှု အန္တရာယ်နှင့် ပတ်သက်၍ကမ္ဘာ့ပြည်သူများ၏ အမြင် ကို ဆော်သြစည်းရုံးခဲ့သည့်အတွက် ဆွီဒင်၏ ဆယ်ကျော်သက် ရာသီဥတု တက်ကြွ လှုပ်ရှားသူ ဂရီတာသွန်းဘတ်သည် ဂုဏ်သိက္ခာရှိသော အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်ဆု ချီးမြှင့်ခံခဲ့ရသည်။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ၏ Ambassador of Conscience Award ချီးမြှင့်ခံရသည့်အတွက် အလွန်အမင်း ဂုဏ်ယူမိသည်ဟု အသက် ၁၆ နှစ် အရွယ်ရှိ ဂရီတာက ထုတ်ပြန်ခဲ့ပြီး ရာသီဥတု  ဆန္ဒပြပွဲများတွင် စာသင်ကျောင်းမှ ကျောင်းသားများ၏ သပိတ်ကိုဖြစ်ပေါ်စေခဲ့သည့် ゞင်း၏ Fridays for Futures အစီအစဉ်က လှုံ့ဆော်ပေးခဲ့သော လူတိုင်းကို အသိအမှတ် ပြုခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။


“ကိုယ့်အသိစိတ်နဲ့ ကိုယ်လုပ်ဆောင်တာဟာ ကိုယ်စဉ်းစားထားတဲ့အရာအတွက် ကိုယ်တိုင်တိုက်ပွဲဝင်တာ မှန်ကန်တယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ အခုလိုမျိုးအသိ အမှတ်ပြုခံရတာဟာ မယုံနိုင်စရာဖြစ်ရပါတယ်” ဟု ဂရီတာက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။ လူအများကို ဟောပြောစည်းရုံးရာတွင် ပါရမီထူးသည့် ပြင်းထန်သော တက်ကြွ လှုပ်ရှားသူ ဂရီတာသွန်းဘတ်သည် နိုင်ငံတကာတွင် လူငယ်ရာသီဥတု တက်ကြွ လှုပ်ရှားသူများအတွက် ပြယုဂ်ဖြစ်လာခဲ့သည်။ ကာဗွန် ထုတ်လွှတ်မှုလျှော့ချရေးတိုက်ပွဲတွင် လူအများ စိတ်ဝင်စားရန် ပြုလုပ်သော ရာသီဥတုဆိုင်ရာ အခမ်းအနားများ၌ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများက ゞင်းကို မကြာခဏ      ဖိတ်ကြားလေ့ရှိသည်။

No comments:

Post a Comment