Sunday, June 9, 2019

ပုဂံ သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းမှုများကို ပြည်သူများအား လေ့လာခွင့်ပြု

သဗ္ဗညုဘုရားအား မိုး ရာသီမတိုင်မီ အရေးပေါ်ပြုပြင် ထိန်းသိမ်းနေမှုများကို ပြည်သူ များသို့ သုံးရက်ကြာ လေ့လာ ခွင့်ပြုထားကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ)မှ သတင်း ရရှိသည်။ ဇွန်လ ၇ ရက်မှ ၉ ရက်အထိ သုံးရက်ကြာ တက်ရောက်လေ့ လာခွင့်ပေးခဲ့ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ ဒုညွှန်မှူး ဦးမြင့်သန်းက ပြောသည်။


‘‘ဒေသခံတွေ တက်ရောက် လေ့လာခွင့်ဆိုတာက တရုတ်က လာတဲ့အဖွဲ့နဲ့ ပူးပေါင်းပြီး သဗ္ဗညုဘုရားကြီး မိုးမကျခင် အရေးပေါ် ပြုပြင်ထိန်းသိမ်းတဲ့ဟာကို စနစ် တကျ ဘယ်လိုလုပ်တယ်ဆိုတာ လေးကို သိစေချင်လို့ ပြပေးတာ ပါ။ အကုန်လုံးတော့ မပြနိုင်ဘူး ပေါ့။ ဒီရက်ပိုင်းအတွင်းမှာ ကြည့် ချင်တဲ့ လူတွေလာပြီး လေ့လာနိုင် အောင် ပြပေးတာပါ။ ရှုခင်းကြည့် ဖို့အတွက် မဟုတ်ပါဘူး’’ဟု ဦးမြင့်သန်းက ပြောသည်။

သဗ္ဗညုဘုရားတွင် ငလျင် ဒဏ်ကြောင့် ထိခိုက်ပျက်စီးထား သည့် နေရာများမှ မိုးရေများ ယိုစိမ့်ကာ ပိုမိုပျက်စီးမှု မဖြစ်စေ ရန် အရေးပေါ်ပြုပြင်ထိန်းသိမ်း ရေးလုပ်ငန်းစဉ်များကို ဧပြီ ၃၀ ရက်ကစ၍ တရုတ်နိုင်ငံမှ ပညာ ရှင်အဖွဲ့နှင့် ရှေး/သု (ပုဂံဌာနခွဲ) တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည်။

‘‘ဘုရားကြီးက ငလျင်လှုပ် ပြီးတဲ့အခါ အက်ကွဲကြောင်းတွေ ကြေမွသွားတာတွေ ရှိပါတယ်။ မိုးထပ်ပြီး မိခဲ့တယ်ဆိုရင် အဲဒီထဲ ကနေ မိုးရေတွေ ဝင်သွားပြီး ပိုပြီး ပျက်စီးသွားတာမျိုး မဖြစ်အောင် ထိန်းသိမ်းတာပေါ့။ တရုတ်နဲ့ ပူးပေါင်းပြီး တစ်ဆူလုံးကို စနစ် တကျ ပြုပြင်ထိန်းသိမ်းတာလည်း ထပ်လုပ်ဦးမှာပါ။ အဲဒါမစခင် လေးမှာ အရေးပေါ်ထိန်းသိမ်းမှုကို အရင်လုပ်ထားတာပါ’’ဟု ဦးမြင့် သန်းက ပြောသည်။

‘‘ဇွန်လ ၇ ရက်ကစပြီး မနက်ပိုင်းတစ်ချိန်နဲ့ ညနေပိုင်း တစ်ချိန် တစ်ရက်ကို နှစ်ချိန်ခွင့်ပြုပေးခဲ့ တယ်။ ဇွန်လ ၉ ရက်ဆိုရင် လုပ် ငန်းတွေပြီးပြီဖြစ်တဲ့အတွက် တပ် ဆင်ထားတဲ့ လှေကားတွေလည်း အကုန်ဖြုတ်သွားမှာ ဖြစ်တဲ့အ တွက် မဖြုတ်ခင်လေးမှာ လေ့လာ လို့ရအောင် ပြသပေးတာဖြစ်ပါ တယ်။ တချို့လည်း စိတ်ဝင်စား ကြပါတယ်။ တခြားနယ်ကနေ လာပြီး လေ့လာတာတွေတောင် ရှိပါတယ်’’ဟု ၎င်းက ပြောသည်။ သဗ္ဗညုဘုရားကို ငါးနှစ် စီမံကိန်းဖြင့် အလုံးစုံပြုပြင်ထိန်း သိမ်းရေး လုပ်ငန်းစဉ်များ ဆောင် ရွက်ရန် တရုတ်-မြန်မာ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ ရေးထိုး ထားပြီး မိုးရာသီကာလပြီးပါက အခြားလုပ်ငန်းစဉ်များ ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်း က ပြောသည်။

No comments:

Post a Comment