Sunday, June 9, 2019

နှလုံးသွေးကြောဆိုင်ရာ ရောဂါကို ကာကွယ်နိုင်မည့် လွယ်ကူရိုးရှင်းသောနည်းလမ်းများ

နှလုံးသွေးကြောကျန်းမာရေးကို ကာလအတန်ကြာအောင် ထိန်းသိမ်းခြင်းက အနာဂတ်တွင် ယင်းရောဂါများဖြစ်ပွားနိုင်သည့် အန္တရာယ်ကို လျှော့ချရန်အထောက်အကူပြုကြောင်း အမေရိကန်  နှလုံးရောဂါဆိုင်ရာအဖွဲ့အစည်းကဖော်ပြထားသည်။ ယင်းအဖွဲ့အစည်းက လူတစ်ဦး၏ နှလုံးကျန်းမာရေးကို ကြိုတင်ခန့်မှန်းနိုင်၊ ကြိုတင်ကာကွယ်နိုင်မည့် အချက်များ ဖော်ပြ ထားပြီး JAMA Network Open ဂျာနယ်တွင် ဖော်ပြသည်။



အဆိုပါလိုက်နာလုပ်ဆောင်ရမည့်အကြံပြုချက်များတွင် ဆေး လိပ်ဖြတ်ခြင်း၊ ကျန်းမာရေးနှင့်ညီသည့် ကိုယ်အလေးချိန်ကို ထိန်း သိမ်းခြင်း၊ ကျန်းမာရေးနှင့်အညီစားသောက်ခြင်း၊ ကိုယ်လက် လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်းတို့ပါဝင်သည်။ ယင်းအပြင်သွေးပေါင် ထိန်းညှိခြင်း၊ သွေးထဲရှိ ကိုလက်စထရော ပမာဏကို ထိန်းညှိခြင်း၊သွေးထဲရှိသကြားဓာတ်ကို ထိန်းသိမ်းခြင်းတို့လည်း လုပ်ဆောင်ရမည်ဟု အမေရိကန်နှလုံးရော ဂါဆိုင်ရာ အဖွဲ့အစည်းကဖော်ပြသည်။

ယင်းကဲ့သို့ လိုက်နာလုပ်ဆောင်ပါက လေဖြတ်ခြင်း (သို့ မဟုတ်) နှလုံးသွေးကြောဆိုင်ရာ ရောဂါကြောင့်သေဆုံးနိုင်သည့် အန္တရာယ်လျော့ကျစေနိုင်ကြောင်း သုတေသီများကပြောသည်။

ယင်းအကြံပြုချက်များကို လိုက်နာလုပ်ဆောင်သူများသည်  အမေရိကန်နှင့်အခြားနိုင်ငံများတွင် ၂ ရာခိုင်နှုန်းမျှသာရှိကြောင်း သုတေသီများကပြောသည်။ နှလုံးသွေးကြောဆိုင်ရာကျန်းမာရေးကောင်းမွန်မှုကြာမြင့်ချိန်နှင့် နောင်တွင်နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်နိုင်သည့်အန္တရာယ် လျော့နည်းခြင်းကြား ဆက်စပ်မှုရှိကြောင်း လေ့လာတွေ့ ရှိသည်ဟု သုတေသီများကပြောသည်။

No comments:

Post a Comment